AA အဖွဲ့ဟာ ရခိုင်ပြည်သူလူထုကို စည်းရုံးဖို့နဲ့သူတို့အဖွဲ့ရဲ့ ရပ်တည်လှုပ်ရှားမှုတွေ အားကောင်းဖို့ လူမှုကွန်ရက်ကို ထိရောက်စွာ အသုံးချပြီး နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကို သတင်းအချက်အလက် စစ်ဆင်ရေးကို အကွက်ကျကျ လုပ်ဆောင်လျက်ရှိပါတယ်..
ဒီလိုလုပ်ဆောင်ရာမှာ AA အဖွဲ့က ငွေကြေးနဲ့ နည်းပညာအသုံးပြုတတ်တဲ့ AA တပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီး AA ကို ထောက်ခံအားပေးတဲ့ သတင်းဌာနတွေ ထူထောင်ခြင်း၊ Facebook နဲ့ Telegram ၊ Tiktok တွေမှာ Account ပေါင်း မြောက်မြားစွာ ပြုလုပ်ထားရှိပြီး သူတို့ထုတ်လွှင့်လိုတဲ့ သတင်းတွေကို ရခိုင်ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဖြန့်ဝေလျက်ရှိပါတယ်…
အထူးသဖြင့် ရခိုင်ပြည်နယ်ထိန်းချုပ်နယ်မြေအတွင်း AA ခေါင်းဆောင် ထွန်းမြတ်နိုင် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း သတင်းမီဒီယာကို ပိုမိုအသုံးချပြီး ဝါဒဖြန့်မှုတွေ ပိုမိုပြုလုပ်လျက်ရှိပါတယ်…
မူးယစ်ဆေးဝါးနဲ့ ဘင်္ဂါလီတွေကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ကြောင့် နိုင်ငံတကာ ဖိအားပေးမှုခံနေရချိန်မှာ သူတို့ရဲ့ မီဒီယာတွေက နည်းလမ်းပေါင်းစုံနဲ့ တုန့်ပြန်ရေးသားလျက်ရှိပါတယ်…
AA အဖွဲ့ရဲ့ သတင်းအချက်အလက်စစ်ဆင်ရေးဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီး AA တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်တက်ကြွစေဖို့နဲ့ တပ်မတော်သားတွေ စိတ်ဓာတ်ကျဆင်းစေရေးအတွက် သူတို့အသာရရှိတဲ့ စစ်ပွဲတွေကို ထပ်ခါတစ်လဲလဲ ထုတ်လွှင့်ဝါဒဖြန့်ချီနေကြကြောင်း မြင်တွေ့ကြားသိနေရပါတယ်…
ခင်ညိုချော



