အောက်တိုဘာ ၄ ရက်နေ့အတွင်း သတင်းပေါင်းချုပ်

(ကျောက်မဲ)
ကျောက်မဲမြို့နယ်အတွင်း နယ်မြေကျူးကျော်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက် TNLA အဖွဲ့ကို တပ်မတော်စစ်ကြောင်းများက ချေမှုန်းရှင်းလင်းခဲ့ရာ အကြမ်းဖက် TNLA ၁ လောင်း၊Type-81 ၁ ၊လက်ကျည် ၁၀၀၀ တောင့်တို့အား သိမ်းဆည်းရရှိပါသည်။

(လေးကေ့ကော်)
လေးကေ့ကော်ကျေးရွာအတွင်းခိုအောင်းနေတဲ့ အကြမ်းဖက် KNLA အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ချေမှုန်းခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူထံမှ MA-1 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

(ကော့ကရိတ်)
ကော့ကရိတ်မြို့ အနောက်မြောက်ဘက်ရှိ အကြမ်းဖက်သမားများ နေရာယူ ထားသည့် ရင်ကွဲတောင်စခန်းကုန်းကို တပ်မတော်စစ်ကြောင်းများက ချေမှုန်းသိမ်းပိုက်ခဲ့ရာ လက်လုပ်မိုင်း ၃၂ လုံး၊ ဘန်ကာ ၂ လုံး၊ပစ်ကတုတ် ၂၅ လုံး၊ဆက်သွယ်ရေးမြောင်း ၁၅၀ ပေ၊လူနေတဲ ၁၀ လုံးတို့အား သိမ်းဆည်းရှိခဲ့ပါသည်။

(သရက်ချောင်း)
သရက်ချောင်းဒေသတွင် ပြည်သူများအား ဆက်ကြေးကောက် ဓါးပြတိုက်နေသည့် အကြမ်းဖက် PDF များကို လုံခြုံရေးစစ်ကြောင်းများက ချေမှုန်းရှင်းလင်း ခဲ့ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊M-16 ၁ လက်၊ကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့် သိမ်းဆည်းရှိခဲ့ပါသည်။

(မြောက်စမ်း)
မြောက်စမ်းဒေသတွင် အကြမ်းဖက်သမားများဝှက်ထားသည့် ကျည် ၄၂၀ တောင့်
၊ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ပါသည်။

(ပဒါန်း)
ပဒါန်းဒေသတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အလောင်း ၃ လောင်း၊ သေနတ် ၄ လက်တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

(မုံရွာ)
မုံရွာမြို့နယ် ဇီးတောရွာအနီး တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF များတိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ထံမှ PDF အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်နှင့် မိုင်း ၉ လုံးတို့အား သိမ်းဆည်းရရှိခဲပါသည်။

(ကန့်ဘလူ)
ကန့်ဘလူမြို့နယ် ညောင်ဇင်ကြီးကျေးရွာအနီးတွင် ဆက်ကြေး ကောက်နေသည့် အကြမ်းဖက် PDF များကို သွားရောက်ချေမှုန်းခဲ့ရာ PDF အလောင်း ၂ လောင်း ၊သေနတ် ၂ လက် တို့အားသိမ်းဆည်းရရှိခဲ့ပါသည်။

(ဗန်းမောက်)
ဗန်းမောက်ဒေသအတွင်း နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက် KIA+PDF အဖွဲ့ကို တပ်မတော်စစ်ကြောင်းက ချေမှုန်းသုတ်သင်ခဲ့ရာ အကြမ်းဖက် KIA အလောင်း ၂ လောင်း၊ AK-47 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု သိမ်းဆည်းရရှိခဲ့ပါသည်။

(သပိတ်ကျင်း)
သပိတ်ကျင်းဒေသ ၉ မိုင်ရွာအနီးတွင် အခြေပြုနေတဲ့ အကြမ်းဖက် PDF အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ Type-81 သေနတ် ၂ လက်တို့အား သိမ်းဆည်းရမိခဲ့။

အဆိုပါတိုက်ပွဲတွင် မိမိဘက်မှ စစ်သည် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *