သီတင်းကျွတ်ပွဲတော်ကို နိုင်ငံအနှံ့ မြို့ရွာ အသီးသီးမှာ ယခုနှစ် အထူးစည်းကားသိုက်မြိုက်ပျော်ရွှင်နေတဲ့ ပုံရိပ်တွေ လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့နေရပါတယ်..
အထူးသဖြင့်တော့ မြို့ကြီးတွေပေါ်က ခေတ်ပေါ်တေးသံသာတွေနဲ့အတူ လူငယ်လူရွယ်တွေ ခုန်ပေါက် ပျော်မြူးနေတဲ့ ပုံရိပ်တွေဟာ နိုင်ငံအတွင်းမှာ စစ်ဘေးသင့်နေတဲ့ မြို့ ရွာတွေရှိ လူငယ်လူရွယ်တွေအတွက်တော့ ကြေကွဲစရာပါပဲနော်…
ဗုံးသံ၊ သေနတ်သံမကြား၊ အနိဋ္ဌာရုံမြင်ကွင်းတွေ မမြင်တွေ့ရဘဲ မိဘရဲ့ အရိပ်အာဝါသအောက်မှာ ချစ်သူ ခင်သူတွေနဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ပါးမြူးတူးနေရတဲ့ အရသာကို လူငယ်တိုင်း မက်မော နှစ်ခြိုက်ကြသလို လူငယ်ဆိုတဲ့ အသက်အပိုင်းအခြားအရွယ်ကောင်းမှာသာ ရနိုင်တဲ့ အတွေ့အကြုံဖြစ်ပါတယ်…
ဒီလိုအရွယ် ဒီလိုအသက်အပိုင်းအခြားမှာ နိုင်ငံရေးမှိုင်းမိပြီး လူငယ်တွေရဲ့ လွတ်လပ်ခွင့်၊ ပျော်ရွှင်မှုတွေ ဆုံးရှုံးပြီး တောထဲမှာ ငတ်ပြတ်၊ ပင်ပန်းဆင်းရဲ ဖိနှိပ်ခံနေရတဲ့ PDF လေးတွေကို အတော်သနားမိပါတယ်…
သီတင်းကျွတ်မှာ ပျော်ရွှင်မြူးထူးနေတဲ့ လူငယ်တွေကတော့ နွေဦးတော်လှန်ရေး ပြီးဆုံးသွားပြီထင်ပါတယ်…
ခင်ညိုချော

