စက်တင်ဘာလအတွင်း အကြမ်းဖက် PDF နှင့် သောင်းကျန်းသူအဖွဲ့များထံမှ သိမ်းဆည်းရရှိခဲ့သည့် အလောင်း၊ လက်နက်များစာရင်း

စက်တင်ဘာလအတွင်း တပ်မတော်အနေဖြင့် လက်ဝယ်ရ ရန်သူ့အလောင်း(၇၂၅)လောင်း၊ အရှင်မိ(၅၅)ဦး၊ အလင်းဝင် (၁၅၃)ဦးနှင့် လက်နက်ကြီး/ငယ် (၃၄၂)လက် ရရှိခဲ့ပါသည်။

ဗန်းမော်၊ နောင်ချို၊ ကျောက်မဲမြို့များကို ပြန်လည်သိမ်းပိုက်ခဲ့သည့် တပ်မတော်၏ တန်ပြန်တိုက်စစ် ရာနှုန်းပြည့်အောင်မြင်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အောင်စိတ်ပြင်းပြ မြင့်မားလာပြီး ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်မှုကြောင့် မပခ၊ ရမခ၊ ရတခ၊ နမခ၊ နပခ နယ်မြေများတွင် ရန်သူ့အလောင်း/လက်နက်များ ပိုမိုရရှိခဲ့တာ တွေ့ရှိရပါသည်။ အလောင်းဆွဲ စစ်နည်းဗျူဟာကို ရန်သူက ကျင့်သုံးလျက်ရှိသဖြင့် စစ်မြေပြင်တွင် ယခုဖော်ပြသည့် အရေအတွက်ထက် ရန်သူ၏ ထိခိုက်သေဆုံးမှု ပိုမိုများပြားနိုင်ပါသည်။ ယခုဖော်ပြထားသည့် စာရင်းများသည် မိမိလက်ဝယ် သိမ်းဆည်းရရှိမှုများကိုသာ တွက်ချက်ထားခြင်းဖြစ်ပါသည်။

လက်ရှိအချိန်တွင် PDF များ အစုလိုက် အပြုံလိုက် အလင်းဝင်ရောက်မှုများ များပြားလာပြီး EAOs နယ်မြေများတွင်လည်း ထွက်ပြေးတိမ်းရှောင်သူများ များပြားလျက်ရှိပါသည်။

တပ်မတော်/လခရအဖွဲ့များအနေနဲ့ အောင်စိတ်ပြင်းပြမှု၊ ပြည်သူ့စစ်မှုထမ်းတွေရဲ့ တိုက်ရည်ခိုက်ရည်ပြည့်ဝမှု၊ ပြည်သူလူထုရဲ့ တပ်မတော်အပေါ် အားပေးယုံကြည်ထောက်ခံမှုတို့ကြောင့် မကြာခင်မြို့ကြီးအချို့ကို ပြန်လည်ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်။

Congratulations ပါ မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ၊ ပြည်သူ့စစ်အဖွဲများ

Leave a Reply

Your email address will not be published. Required fields are marked *