ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) ကျင်းပပြုလုပ်

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှာ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အနေဖြင့် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို စက်တင်ဘာလ ၂၈ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အထိမ်းအမှတ် နှလုံးနှင့်သွေးကြော ရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခု၊ မြို့နယ် ၂၈ မြို့နယ် မှ နှလုံးရောဂါလူနာပေါင်း ၁,၀၀၀ ကျော်ကို တပ်မတော်စစ်ဆေးရုံမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံ တို့မှ ပါမောက္ခနှင့်အထူးကုဆရာဝန်ကြီးများပါဝင်တဲ့ မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ပါမောက္ခဒေါက်တာနွယ်နွယ် ဦးဆောင်ပြီး နှလုံးရောဂါအထူးကုဆရာဝန်ကြီး ၃၃ ဦးက လာရောက် စမ်းသပ်ကုသပေးခဲ့ကြောင်း သိရပါတယ်။

crd//pan

Leave a Reply

Your email address will not be published. Required fields are marked *