အကြမ်းဖက်သမားတွေ အိပ်နေချိန်စခန်းဗုံးကြဲခံရလို့ ၃ ဦးသေဆုံး အများအပြားဒဏ်ရာရ

တပ်မတော်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ အတုံးအရုန်း သေဆုံးသွားကြတဲ့ PDF အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို အကြမ်းဖက်သမားတွေက ဝမ်းနည်းပက်လက်နဲ့ အသုဘပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

စခန်းအတွင်းမှာ ရှိနေတဲ့ အကြမ်းဖက်သမားတွေအများအပြား အိပ်နေချိန်မှာ စခန်းတည့်တည့်ကို ဗုံးကြဲချခဲ့ပေမယ့် အသက်(၂၀)အရွယ် စခန်းမှူး သေမင်း၊ (၁၈)နှစ်အရွယ် ဗလနဲ့ အသက်(၃၄)နှစ်အရွယ်  နိုင်ကြီး တို့ ၃ ဦးသာ သေဆုံးသွားတယ်လို့ အကြမ်းဖက်အဖွဲ့ဘက်က ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်သမားတွေနဲ့ ခံယူချက်ချင်းမတူတဲ့ ဒေသခံ ရဟန်းရှင်လူတွေကို ဖမ်းဆီးသတ်ဖြတ်၊ မိန်းကလေးငယ်တွေကို မုဒိန်းကျင့်၊ တံတားချိုး၊ လမ်းဖျက်၊ ရွာမီးရှို့စတဲ့ ဒေသအတွင်း အကြမ်းဖက်လုပ်ရပ်ဟူသမျှကို လုပ်ဆောင်နေကြတဲ့ အဆိုပါကြမ်းဖက်သမားတွေရဲ့ သေဆုံးမှုဟာ အဖိုးတန်လှတဲ့  ဆုံးရှူံးမှုဖြစ်တယ်လို့ အကြမ်းဖက် PDF အဖွဲ့က အရှက်မရှိပြောဆိုထားကြပါတယ်။

#pan_broadcasting

Leave a Reply

Your email address will not be published. Required fields are marked *