မနက်ကပဲ ကျောက်မဲအနားကရွာတွေမှာ ရွာသားတွေက TNLA ကင်းတဲတွေကို ဖျက်ဆီးနေကြတဲ့ ဗီဒီယိုဖိုင်လေးတွေ့လိုက်သလို တစ်မြို့လုံးရဲ့ ပလောင်အလံတွေ ဖြုတ်ချထားပြီး ရှမ်းအလံတွေပြန်စိုက်ထားတာလည်းတွေ့ရတယ်။
လားရှိုးကို တပ်မတော်ပြန်မဝင်ခင် ကိုးကန့်အလံတွေ တစ်ရက်ကြိုဖြုတ်ချထားတဲ့အချိန်နဲ့ သွားတူနေပေမယ့် လောလောလတ်လတ် ပလောင်နဲ့ စစ်တပ် သဘောတူဆွေးနွေးတာမျိုးတွေလည်း ရှိမနေဘူး။
စခန်းသာကို တပ်ဘက်ကရပြီးသွားတဲ့အချိန်ကနေ အခြေအနေမကောင်းတော့လို့ လစ်ဖို့ ကြံစည်နေတဲ့ပုံရပဲ။ ရွာခံတွေအပြောအရ TNLA ကင်းတဲတွေကို ဖျက်ဆီးရတာက တပ်ရဲ့ ထိုးစစ်မှာ လေကြောင်းပစ်ကူတွေ မှားယွင်းပစ်ခတ်မှာစိုးရိမ်လို့လို့ပြောတယ်။ ပုံစံကြည့်ရတာ ကျောက်မဲပတ်ချာလည်က ရှမ်းတွေက မြို့ထဲမှာ စစ်ဖြစ်ရင် မြို့နာမှာစိုးလို့ ပလောင်တွေကို အားတင်းပြီး မောင်းထုတ်နေကြပုံပဲ။ တော်လိုက်တဲ့ ရှမ်းတွေ။
တကယ်သာ တပ်မတော်က သေနတ်တစ်ချက်မဖောက်ရပဲ ကျောက်မဲကို ပြန်သိမ်းဖြစ်ခဲ့ရင်တော့ ပလောင်တွေ အရှက်ဗျန်းဗျန်းကွဲပြီပဲ။ သဘောတူညီချက်တွေနဲ့ ဆုတ်ရတာလည်း မဟုတ်၊ ရွာသားတွေမောင်းထုတ်လို့ ပြန်ပြေးရတဲ့ အကျိုးနည်း ခွာစစ်ကြီးနဲ့။ နည်းနည်းတော့ ဟန်ကိုယ့်ဖို့လေး နေကြပါဦးလား။
(ပိုင်စိုး)
