စက်တင်ဘာ ၂၆ ရက်နေ့မှုခင်းသတင်းများ

-စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ပေါက်တောကျေးရွာတွင် နေထိုင်သော ဦးဇော်လွင်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ အိပ်နေစဉ်PDF အကြမ်းဖက် ၃ ဦးခန့်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်၍ ရေဖြူကန်ကျေးရွာသွားလမ်းဆုံ၌ သတ်ဖြတ်ခဲ့ကြောင်း သိရှိရ။

-စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ပေါက်ခေါင်းမြို့နယ်၊  နတ္တလင်းစုကျေးရွာနေ ဦးစိုးဝင်း(၅၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၂ ဦးသည် လက်နက်ကိုယ်စီ ကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးစိုးဝင်းအား ဖမ်းဆီးခေါ်ဆောင်၍ တောင်နဝင်းဆည်ဘောင်ဘေးတွင် ပစ်ခတ် သတ်ဖြတ်သွားခဲ့ရာ ဦးစိုးဝင်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *