သိသင့်သိထိုက်သည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ရန်မှာကြား

ထူးခြားဖြစ်စဉ်သတင်းများနှင့် အများပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပ သတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့သည်။

သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် အများပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပ သတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့်နေရန်လိုကြောင်း၊ ဖျော်ဖြေမှုများ ဆောင်ရွက်ရာတွင် အသံနှင့်အရုပ်နှစ်ခုလုံး ပါဝင်သည်ဖြစ်သဖြင့် အသံကောင်းမွန်ရုံသာမက တင်ဆက်သည့်အစီအစဉ်နှင့် ကိုက်ညီသည့် ဝတ်စားဆင်ယင်မှု ဖြစ်စေရန်လည်း အရေးကြီးကြောင်း၊သတင်းများထုတ်လွှင့်ခြင်းနှင့် အစီအစဉ်များ ထုတ်လွှင့်ရာတွင် သွက်လက်ဖျတ်လတ်၍ နှစ်လိုဖွယ်ဖြစ်စေရေး တည်းဖြတ်ခြင်းများကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ်သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်းအစီအစဉ်များထုတ်လွှင့်ရာတွင်လည်း ပြည်သူများကောင်းရာ ကောင်းကျိုးကို အကျိုးပြုစေနိုင်မည့်၊ အသိပညာဗဟုသုတရရှိစေနိုင်မည့် ပြည်သူ့အကျိုးပြု အစီအစဉ်ကောင်းများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *