ဟုတ်လို့ကျော်၊ပုတ်လို့ ပေါ်လာတဲ့ မူးယစ်ရာဇာ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း

ရိက္ခာ၊ လက်နက်၊ခဲယမ်း လိုအပ်ချက်အတွက် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းနှင့်အဓိကရပ်တည်နေရတဲ့ AAအဖွဲ့ရဲ့ မူးယစ်ဆေးဝါးတင်ပို့မှု များပြားလာလို့ ဘဂ်လားဒေ့နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူ၊ အခြားနိုင်ငံများကို တင်ပို့သူများ ပိုမိုများပြားနေမှုကြောင့် AAအဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်နေတာတွေနဲ့ ဆက်စပ်ပြီး ဘဂ်လားဒေ့နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြောင်းသိရှိရပါတယ်…….

#အဲ့ဒီ့ သတင်းစာရှင်းလင်းပွဲမှာ ဘဂ်လားဒေ့နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုဟီဒူဒင်အာမတ် က AA တပ်ဖွဲ့က စိတ်ကြွဆေးပြားတွေ ဘဂ်လားဒေ့နိုင်ငံအတွင်းကို အကြီးအကျယ်တင်သွင်းရောင်းချနေကြောင်း၊ ဘဂ်လားဒေ့နိုင်ငံသား စိတ်ကြွဆေးပြားမှောင်ခိုသူတွေက AAအဖွဲ့က တင်သွင်းလာတဲ့ မူးယစ်ဆေးတွေကို ဘဂ်လားဒေ့နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် လျှင်လျှင်မြန်မြန် ဖြန့်ဖြူးနေပြီး‌တော့  တခြားနိုင်ငံများကိုလည်း တင်ပို့လျှက်ရှိကြောင်း၊ -ဘဂ်လားဒေ့ရေပိုင်နက်ထဲက ငါးဖမ်းစက်လှေတွေနဲ့ချိတ်ဆက်ပြီးတော့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်နေတဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးရမိဖို့ခက်ခဲနေပြီး ဘဂ်လားဒေ့နိုင်ငံလူငယ်တွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း၊ – AAအဖွဲ့ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းတွေကို နှိမ်နင်းနိုင်ရန်အတွက် (BGB) အနေဖြင့် ဘဂ်လားဒေ့ရေတပ်နှင့် ကမ်းခြေစောင့်တပ်များ ပူးပေါင်းဆောင်ရွက်နေကြောင်း၊- ဇူလိုင်လ ၁၅ ရက် မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ  Cox’s  Bazar နှင့် Bandarban နယ်စပ်ဒေသတွေမှာ စိတ်ကြွဆေးပြား ၂၈ သိန်းနဲ့ အဆင့်မြင့်လက်နက် ၂၂ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း။- AAအဖွဲ့ဟာ လက်နက်မှောင်ခို အဖွဲ့များနှင့်ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်း အလဲအလှယ်ပြုလုပ်နေကြောင်း သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်…

#BGB အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပြောကြားချက်များကို AAအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခ က ပြန်လည် ငြင်းဆိုထားပါတယ်……- ပြီးခဲ့တဲ့ ၂ပတ်ခန့်က မြန်မာအစိုးရနေ့စဉ်ထုတ်သတင်းစာများမှာ AAအဖွဲ့ပိုင် စိတ်ကြွဆေးပြားနဲ့ အိုက်စ်ဆေးပြားတွေကို ရခိုင်ပြည်နယ် မြေပုံမြို့မှ တဆင့် ဘဂ်လားဒေ့နိုင်ငံကို သယ်ယူရောင်းချတဲ့  မူးယစ်မှောင်ခိုအဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း လူသက်သေ၊ပစ္စည်းသက်သေအထောက်အထားများဖြင့် ဖော်ထုတ်ရေးသားခံရပြီးနောက် ယခုလို ဘဂ်လားဒေ့ BGB အဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး AA အဖွဲ့က ဘဂ်လားဒေ့နိုင်ငံထဲကို တင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း နိုင်ငံတကာကို ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်ပါတယ်..- ဒါ့ကြောင့် မူးယစ်ရာဇ ‌AAအဖွဲ့က ဖင်ပိတ်ပြီး ငြင်းနေပေမယ့် သူတို့ရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းများဟာ ငြင်းလို့မရဘဲ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ ‌AAအဖွဲ့အတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ရဲ့ စောင့်ကြည့်မှုကိုခံနေရပြီးဖြစ်ပါတယ်..

(ခင်ညိုချော)

Leave a Reply

Your email address will not be published. Required fields are marked *