လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအများစုမှာ KNDF/ PDF အကြမ်းဖက်အဖွဲ့ကအများဆုံးဖြစ်နေ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာကာလအတွင်း ကယားပြည်နယ် အတွင်းမှာ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ရှောင်အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာ ထိခိုက်ခံစားနေရတဲ့ ဖြစ်စဉ်အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပေါင်း ၅၆ မှု အထိ ရှိခဲ့တယ်လို ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အချက်အလက်တွေအရ သိရကြောင်း DVD သတင်းဌာနက ဖော်ပြထားသည်။

ဖော်ပြချက်တွင် “ ပဋိပက္ခနောက်ပိုင်း အထူးသဖြင့် ၂၀၂၁ အာဏာထိန်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေက ပိုပြီးမြင့်တက်လာတယ်။ ခုနောက်ပိုင်း ပြစ်ဒဏ်ကင်းလွတ်ခွင့် ပိုများ လာတာရယ် ဒီလို အကြမ်းဖက်မှုတွေက စစ်ရေးလောက်အရေးမကြီးဘူးဆိုတဲ့ ကျွန်မတိုရဲ့ အသိုက်အဝန်းက လက်ခံထားတဲ့ တစ်ချိုတွေရှိသေးတယ်။ အထူးသဖြင့် မုဒိမ်းမှုပေါ့နော်။ အဲဒီထဲမှာ တော်တော်များများက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေက ပိုများတယ်ပေါ့။

အများစုကျူးလွန်တဲ့သူတွေက တော်လှန်ရေးဘက်က PDF တစ်ချို၊ တိုင်းရင်းသားလက်နက် ကိုင် အစုအဖွဲထဲက ကျူးလွန်တဲ့ case တွေရှိမယ်၊ ကျေးရွာမှာ လုပ်ပိုင်ခွင့် လွှမ်းမိုးမှုရှိတဲ့ သူတွေကလည်း ပိုများပါတယ်။ ဒီလိုအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ မြင့်တက်လာပေမယ့် အရေးယူမှု အပိုင်းတွေကတော့ အားနည်းနေသေးတယ်လို” ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း Nai Soi တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းမှ ကရင်နီ အမျိုးသမီးအစည်းအရုံး ဥက္ကဌ မော်ဖရေးမြာက ပြောကြားကြောင်း သိရသည်။
မျိုးချစ်မြန်မာအဖွဲ

The majority of sexual violence occurring in Kayah State, Myanmar is predominantly perpetrated by KNDF/PDF terrorist groups.

According to the DVD news agency, data from the Karenni Women’s Association indicates that the majority of sexual violence occurring in Kayah State is predominantly perpetrated by KNDF/PDF terrorist groups. The report states that over a six-month period from January to June 2025, there were up to 56 documented cases of psychological, physical, and sexual violence against displaced women taking shelter in Kayah State, Myanmar.
The coverage includes a statement explaining: “post-conflict, especially after the 2021 coup, violence has significantly increased. Recently, there’s been greater impunity, and some within our community still perceive these forms of violence particularly rape as less critical than military issues. Many victims are underage children. Most perpetrators belong to certain PDF revolutionaries and some ethnic armed groups. Although sexual violence against women is rising, accountability mechanisms remain weak,” said Phaw Phray Myar, Chairwoman of the Karenni Women’s Association which was set up in 1993 in Nai Soi refugee camp in North-West Thailand.

Myanmar Patriotic Team

Leave a Reply

Your email address will not be published. Required fields are marked *