ဗန်းမော်ဒေသရဲ့ စစ်သည်တော်တွေနင်းလိုက်တဲ့မြေတိုင်းဟာ အောင်မြေပဲ

ဗန်းမော်ဒေသမှာ တပ်မတော်စစ်ကြောင်းတွေဖြစ်တဲ့ ဖန်ခါးမြေသူရဲကောင်းစစ်ကြောင်းနဲ့ မင်းခေါင်သူရဲကောင်း စစ်ကြောင်းတွေကတော့ စစ်ဦးဘီလူးကဲ့သို့ အကြမ်းဖက် KIA ကို ချေမှုန်းသုတ်သင်ပြီး အောင်မြေချဲ့လျက်ရှိပါတယ်။

ဖန်ခါးမြေသူရဲကောင်းစစ်ကြောင်းတွေက အကြမ်းဖက် KIA အခြေပြုထားတဲ့ ဗန်းမော်မြောက်ခြမ်းဒေသမှာရှိ ၃ မိုင်၊ နမ့်ဖား၊ ရွှေကြီးနား၊ စစ်ကဲကုန်းဒေသတွေကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပါပြီ။ အခု ဖန်ခါးမြေသူရဲကောင်းတွေက မကွေးမြို့စွန် မြသလွန် အလွမ်းပြေ ရွှေကြီးနားဘုရားကို ဖူးမြော်နေကြရပြီဖြစ်ပါတယ်။

တစ်ဖက် မင်းခေါင်သူရဲကောင်းစစ်ကြောင်းတွေကလည်း မြို့ပေါ်ရပ်ကွက်နဲ့ မြို့အစွန်ဆင်ခြေဖုန်းနေရာတွေကို ပိုက်စိပ် တိုက်ရှင်းလင်းပြီး အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကာ အောင်မြေချဲ့လျက်ရှိပါတယ်။

Congratulations ပါ မြန်မာ့တပ်မတော် 🏆🏆🏆🏆🏆

Leave a Reply

Your email address will not be published. Required fields are marked *