Ayeyarwaddy Times အယ်ဒီတာချုပ်ဖြစ်သူမှ အိမ်ထောင်ကွဲ သတင်းထောက်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစား

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် ပြည်ပြေး Ayeyarwaddy Times သတင်းဌာနတည်ထောင်သူလည်းဖြစ် အယ်ဒီတာချုပ်ဖြစ်သူ ထက်ခေါင်လင်းမှ အိမ်ထောင်ကွဲ သတင်းထောက်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားကြောင်း သတင်းထောက်ဖြစ်သူ ထက်ထက်အောင်က ပြောဆိုလိုက်သည်။

ထက်ထက်အောင်သည် စက်တင်ဘာ ၈ ရက်နေ့၌ ပြည်ပြေး Ayeyarwaddy Times အယ်ဒီတာချုပ်ဖြစ်သူ ထက်ခေါင်လင်းသည် အိမ်ထောင်ကွဲ သတင်းထောက် အမျိုးသမီးတစ်ဦးကို ၎င်းနေထိုင်ရာနေရာကို ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားမှုကို မဖြစ်မြောက်စေရန် ကူညီခဲ့ရကြောင်း ပြောဆိုလိုက်သည်။

ထက်ခေါင်လင်းသည် ပြည်တွင်း၌ နေထိုင်စဉ်က မြန်မာနောင်း၊ ဧရာဝတီသတင်းဌာနအပါအဝင် အခြားသော သတင်းဌာနများ၌ သတင်းထောက် အဖြစ်လုပ်ကိုင်ခဲ့သည်။

၂၀၂၁ ကာလ၌ ပြည်တွင်းဆူပူမှုဖြစ်စေရန် ဦးဆောင်သူတစ်ယောက်ဖြစ်ပြီး ထို့နောက် ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်ပြေးခဲ့သည်။

ထိုင်းနိုင်ငံကို ရောက်ရှိပြီးနောက် Ayeyarwaddy Times သတင်းဌာနတည်ထောင်ပြီး သတင်းအမှားများကို နေ့စဉ်ရေးသားလျက်ရှိသည်။

CRD/PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *