မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အနောက်ရပ်ကွက်၊ မပင်ရပ်တွင် လင်မယားချင်းရန်ဖြစ်စကားများသည်ကို ဝင်ရောက်ဖျောင်းဖျပေးသည့် အမျိုးသားတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားကြောင်း သိရသည်။
စက်တင်ဘာလ ၆ ရက် ည ၇ နာရီ ၃၀ အချိန်တွင် ဓားထိုးခံရသည့် အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိသူများမှ မဟာလူမှုကယ်ဆယ်ရေးအသင်းသို့ ဖုန်းဆက်ခဲ့ကြောင်း သိရသည်။
“အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတစ်ချက်ထဲ။ လူနာပြောတာကတော့ စကားများတာကို ဖျောင်းဖျပေးတာလို့ ပြောတယ်” လို့ မြေပြင်အားသွားရောက်ကူညီပေးသည့် မဟာလူမှုကယ် ဆယ်ရေးအသင်းထံမှ သိရသည်။
ထိုဒဏ်ရာရရှိသည့် အမျိုးသားကို မန္တလေးဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
crd//

