စက်တင်ဘာ ၂ ရက်နဲ့ ဒီနေ့တိုက်ပွဲအကျိုးအမြတ်တွေကို ပြောပြရရင်ဖြင့် –
(၁) ဗန်းမော်
ဗန်းမော်၊ နမ့်ဖားဒေသမှာ KIA/PDF ၂ လောင်း၊ ၄ လက်နဲ့ ကျည်ဆန်/ဗုံး အများအပြား သိမ်းပိုက်ရရှိခဲ့သလို ဗန်းမော်မြို့၊ ဆင်ခြေဖုန်း ရပ်ကွက်တွေကို လိုက်ရှင်းနေတဲ့စစ်ကြောင်းတွေကလည်း အားကျမခံ KIA/PDF ၄ လောင်း၊ ၃ လက်ကို ရယူပေးလိုက်ပြန်ပါတယ်။
(၂) ကျောက်မဲ
ကျောက်မဲဒေသဘက်မှာတော့ TNLA တွေ ချောင်ပိတ်ခံထားရလို့ ထွက်ပြေးသူ အများအပြားရှိသလို တပ်မတော်ထံ လက်နက်ချသူ ၂၀ ခန့် ရှိနေပါပြီ။
(၃) ကော့ကရိတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသဘက်မှာ အကြမ်းဖက် KNU/KNLA စခန်းနေရာ ၃ ခုကို သိမ်းပိုက်ရယူခဲ့ကြပြီး ရန်သူ့အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ပစ်ကျင်း/ဘန်ကာ၊ လူနေတဲများ သိမ်းပိုက်ရရှိခဲ့ကာ အာရှလမ်းဘက်မှာလည်း တပ်မတော်စစ်ကြောင်းတွေက အောင်မြင်မှုများစွာရရှိနေရာ လက်ရှိသတင်းရေးအချိန်ထိ ရန်သူ့အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၁၆ လက် ရရှိထားပါတယ်။
(၄) ကျောက်ဖြူ
ကျောက်ဖြူဒေသဘက်မှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ.. တပ်မတော်စစ်ကြောင်းတွေက အကြမ်းဖက် AA စခန်းကုန်းတွေကို ၁ ရက် ၂ ကုန်းနှုန်းနဲ့ သိမ်းပိုက်နေပြီး AA အဖွဲ့ တုန်လှုပ်ခြောက်ခြားနေကာ ပြည်ဖျက်မီဒီညာတွေနဲ့ သတင်းအတု၊ သတင်းအမှားတွေ ထုတ်လွှင့်နေပါတယ်။ နယ်မြေအခြေအနေကောင်းလာလို့ ကျောက်ဖြူမှာ ရခိုင်တိုင်းရင်းသားပါတီက မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။
(၅) ကျောက်ကြီး
ကျောက်ကြီးဘက်မှာတော့ နယ်မြေရှင်းစစ်ကြောင်းနဲ့ အကြမ်းဖက် KNU အဖွဲ့တို့ ထိတွေ့မှုတွေ ဖြစ်ပွားလျက်ရှိပြီး မိမိစစ်သည် ၁ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ကာ ရန်သူ့အလောင်း ၂ လောင်းနဲ့ ၂ လက်ရရှိထားတယ်လို့ သိရပါတယ်။
လုပ်တုန်းကိုင်တုန်းမို့ ပုံတွေ ထပ်မံတင်ပေးပါမယ်။
မကြာခင် .. သတင်းကောင်း ကြီးကြီးတွေ ကြားဖို့ရှိပါလိမ့်မယ်။ 🏆🏆🏆
တိုက်ပွဲသတင်းစုံ
