ဩဂုတ် ၃၁ ရက် ညနေပိုင်းက ညောင်ကျိုးဒေသတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် AA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူမှာ အလောင်း/လက်နက်များ ဆွဲယူထွက်ပြေးသွား၍ ရန်သူအခြေပြုရာနေရာအား သိမ်းပိုက်ရရှိ။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ ကျန်ရစ်ခဲ့သည့်-
(၁) အကြမ်းဖက် AA အလောင်း ၅ လောင်း
(၂) လက်နက်မျိုးစုံ ၆ လက်
- MA-1 သေနတ် ၁ လက်
- MA-3 သေနတ် ၂ လက်
- Type-81 သေနတ် ၂ လက်
- LMG စက်ကလေး ၁ လက် (ပျက်စီး)
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) လက်ပစ်ဗုံး/မိုင်းများ
(၅) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။





