ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲများရှိ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲဝင်များ၊ ရွေးကောက်ပွဲဝန်ထမ်းများအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို ယုံကြည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုးက ပြောသည်။
ယမန်နေ့က စတင်ဖွင့်လှစ်သည့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုးကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကော်မရှင်အဖွဲခွဲ အဆင့်ဆင့်တွေသည် မိမိတိုအတွက် အားတစ်ခုဖြစ်ပြီး အတူလက်တွဲပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဌ က ပြောကြားခဲ့သည်။
