ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အကြမ်းဖက် AA မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာ အလုပ်မှ မရှိဘူး။ ငွေရဖို့အတွက် ရခိုင် AA လုပ်တတ်တာ တစ်ခုတည်းရှိတယ်။ ဒါက… ကိုးကန့်နဲ့ ပလောင် ဘက်က လာတဲ့ မူးယစ်ဆေးဝါးတွေကို တစ်ဆင့်ခံ ဖြန့်တဲ့ အလုပ်ပဲ။
တရားဝင်ထုတ်ပြန်ချက်အရ ၁၆-၂၄ ဆိုတဲ့ ၈ နှစ်တာကာလမှာ AA နဲ့ပတ်သက်တဲ့ မူးယစ်မှု ၉ ကြိမ်အထိရှိခဲ့တယ်။ ကာလတန်ဖိုးက ဒေါ်လာသန်း ၁၄၀၀ အထိ ရှိခဲ့တယ်။ အထင်ရှားဆုံးသက်သေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖမ်းမိတဲ့ ဒေါ်လာ ၂၄ သန်းတန်တဲ့ မူးယစ်ဆေးဝါးအမှုမှာ AA ရဲ့ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့သူတစ်ယောက်၊ အရာရှိ (၄)ယောက်နဲ့ အခြားအဆင့် (၃)ဦးအထိ ဖမ်းမိခဲ့တယ်။
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ရင် AA ငြင်းမရတဲ့ ပြစ်မှု (၃)ခု ရှိခဲ့တယ်။ ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်မှာ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာ ကျေးရွာက ဘင်္ဂလီ ၅ ဦးကို အကြမ်းဖက် AA က သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ရယ်၊ ၂၀၂၄ ခုနှစ် သြဂုတ် ၅ ရက်မှာ မောင်တောဘက်ကနေ နတ်မြစ်ကူးဖို့ စောင့်နေတဲ့ ဘင်္ဂလီ အယောက် ၂၀၀ ကို AA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ရယ်၊ ခုနောက်ဆုံး အမှုကတော့ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာက အမျိုးသမီးနဲ့ ကလေး သူငယ်တွေ အများအပြားပါဝင်တဲ့ ဒေသခံ ဘင်္ဂလီ ရွာသား ၆၀၀ ကျော်ကို လူမျိုးတုံး သတ်ဖြတ်တဲ့ ဖြစ်စဉ်ပဲ။
မူးယစ်ဆေးဝါးရယ်၊ လူမျိုးတုံး သတ်ဖြတ်မှုရယ်က အကြမ်းဖက် AA ကို လက်စတုံး ပစ်ဖို့ မလုံလောက်ဘူးလားလို့ပဲ မေးရမယ်။ ထွန်းမြတ်နိုင်ကျူးလွန်တဲ့ ဒီပြဿနာတွေက တိုင်းရင်းသား အရေး Issue မဟုတ်တော့ ဘူး။ နဂိုကတည်းက ICJ မှာ ပြဿနာတက် နေတဲ့ ဘင်္ဂလီကိစ္စဟာ AA ကြောင့် နိုင်ငံတကာမှာ မြန်မာရဲ့ Image က ပိုကျသွား နိုင်တယ်။ သေချာပေါက် တာဝန်ခံရမယ်။ သေချာပေါက် အရေးယူရမယ့် ဖြစ်စဉ်ဖြစ်ပါတယ်။
(နရီမိုး)
