KNU မှပြောသော KNU အကြောင်းတစေ့တစောင်း

KNU ဆိုတာကလည်း အခြား EAOs တွေနဲ့ မတူတဲ့ အချက်က သူ့အောက်မှာ တပ်မဟာ (၇) ခု ရှိပေမယ့် တပ်မဟာ တိုင်းက ဗဟိုရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘဲ ”ကိုယ့်မြင်း ကိုယ့်စိုင်း စစ်ကိုင်း ရောက်ရောက်” ဆိုသလိုပဲ တဇွတ်ထိုး ကိုယ်လုပ်ချင်ရာလုပ်တဲ့ တပ်မဟာတွေချည်းပဲလို ပြောရင်မမှားနိုင်ဘူး။ ၂ ယောက်ရှိရင် ၃ ဖွဲ့ကွဲတယ်ဆိုတဲ့ စကားလိုပဲ အဖွဲ့ပေါင်း သောင်းခြောက်ထောင်နဲ့ အကွဲအပြဲတွေကလည်း များမှများပဲ။ မထင်ရင် မထင်သလို စိတ်ရူးပေါက်ပြီး အပေါင်းအပါတွေခေါ် တစ်ဆင့် ထောင်ကျတာပဲ။ KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က တပ်မဟာ တွေအပေါ် မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် တပ်မဟာတွေက လုပ်သမျှ ဥပဒေမဲ့ လုပ်ရပ်တွေကို မကိုင်တွယ်နိုင်ဘူး ပြောရင် မှားမယ် မထင်ဘူး။

အရင် KNU ဥက္ကဋ္ဌ ဟောင်း မူတူးဆေးဖိုး လက်ထက်တုန်းက ကရင်ပြည်နယ်ထဲမှာရှိတဲ့ ကရင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ရှေးရှု တာကြောင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းတယ်။ ငြိမ်းချမ်းရေးကို ရှေးရှုတယ်။ NCA အတိုင်းလိုက်နာတယ်။ ဒါကြောင့် ကရင်လူမျိုးတွေ ဒုက္ခမရောက်ဘူး။ လက်ရှိ ဥက္ကဋ္ဌ စောကွယ်ထူးဝင်း တက်လာကတည်းက ကရင်ပြည်နယ်ဟာ ခပ်လှုပ်လှုပ် ပြန်ပြီးဖြစ်လာတယ် ပြောရမှာပဲ။ ကော့ကရိတ်လို နေရာမျိုးမှာလည်း တစ်ခါမက အခါခါ ဖျက်ဆီးမှုတွေနဲ့အတူ ပျက်စီးခဲ့ရတယ်။ ဒါကိုမှ အားမရလို့ စစ်ကိုဖိတ်ခေါ်တယ်။ ကိုယ့်အဆင့်ကိုမှ အားမနာ စကားကို အဆင့်အတန်းမရှိ ပြောတယ်။ ဒီစရိုက်တွေကြောင့်ပဲ ကရင်ပြည်နယ်ထဲက ကရင်လူမျိုးတွေတော့ စစ်ရိပ်စစ်ငွေ့တွေနဲ့ ဒုက္ခပင်လယ်ဝေတော့မှာပဲ။

လက်ရှိနိုင်ငံရေး ဖြစ်စဉ်နောက်ပိုင်းမှာ မနေတတ်မထိုင်တတ်တဲ့ ဥက္ကဋ္ဌ စောကွယ်ထူးဝင်းကြောင့် KNU ဟာ စစ်ရဲ့ အကျိုးဆက်တွေကို စတင်ခံစားနေရပီလို့ ပြောလိုရတယ်။ ဩ ၁၀ နေ့က KNU တပ်မဟာ ၇ ဌာနချုပ် မော်ပယ်ခိုနဲ့ သေ့ဘေထ ကို ဗုံးကြဲခံရမှုကလည်း သတိပေးတဲ့ အဆင့်လောက်ပဲရှိမယ်ထင်တယ်။ ဒီလို သတိပေးမှုဟာ နိုင်ငံရေး ဖြစ်စဉ်နောက်ပိုင်း ပထမအကြိမ်တော့ မဟုတ်တော့ဘူး။ ၂၄ အောက်၊ ၂၅ ဇန် ၃၁ နဲ့ ဇွန် ၁၁ ကာမီကာဇီတိုက်ခိုက်မှု အပါဆိုရင် ၄ ကြိမ်မြောက် သတိပေးမှု ဖြစ်မယ်လို့ ယူဆရတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ KNU အနေနဲ့ အကျိုးဆက်ကတော့ မကောင်းနိုင်ဘူး။ အခုလည်း တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ရွေးကောက်ပွဲဖျက်ဖို့ အမျိုးသားရေးတာဝန်ဆိုတဲ့ စကားလုံးနဲ့ သုံးနှုန်းလိုက်တဲ့ KNU ဥက္ကဋ္ဌကြောင့် ကရင်ပြည်နယ်ကြီးကို ယမ်းငွေ့ တဝေဝေနဲ့ မြင်တွေ့ရတော့မယ်ဆိုတာ မလွှဲဧကန် ဖြစ်လာတော့မယ်။ အထိနာလာတဲ့အချိန် KIA က ဂွမ်မော်တောင် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ပျာယာခတ် သုံးလာရသေးတာပဲ၊ KNU အနေနဲ့ ခံနိုင်ရည် ဘယ်လောက်ရှိမလဲဆိုတာ စောင့်ကြည့်ချင်စရာပဲ။ ကိုယ့်ကျိုးရှာ စောကွယ်ထူးဝင်းကြောင့် ကရင်လူမျိုးတွေအတွက် ကတော့ စိတ်မကောင်းဘူးလို့ပဲ ပြောပါရစေ။

#crdတပ်ကြပ်ကြီးဖိုးစီ

Leave a Reply

Your email address will not be published. Required fields are marked *