ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမိန့်အမှတ်၊ ၄ /၂၀၂၅ ဖြင့် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မရှင်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရာစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန် မှုများပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။


