(ကျုံဒိုး)
-ဇူ ၂၀ မွန်းလွဲပိုင်းအချိန်က ကျုံဒိုးမြို့နယ်၊ နွားခြံကုန်းရွာအနီး လခရဆောင်ရွက်နေသည့် တပ်+DKBA အဖွဲ့များနှင့် အကြမ်းဖက် KNLA အဖွဲ့တို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ FPV-Drone (ဗုံးသီးအပါ) ၁ စီးအား သိမ်းဆည်းရရှိခဲ့သည်။
(ကော့ကရိတ်)
-ဇူ ၂၀ ရက် နေ့လည်ပိုင်းအချိန်က ကော့ကရိတ်မြို့နယ်၊ ၅ တိုင်ရွာအနီး နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် KNLA ၁ လောင်း
(၂) HK(33) သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များသိမ်းပိုက်ရရှိခဲ့သည်။
(ကျောက်ဖြူ-ပြိုင်စေ့ကေ)
-ဇူ ၂၀ ရက် ညနေပိုင်းအချိန်က ကျောက်ဖြူမြို့နယ်၊ ပြိုင်စေ့ကေရွာအနီး နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် AA ၁ လောင်း
(၂) M-22 သေနတ် ၂ လက်
(၃) ကျည်မျိုးစုံ ၁၂၂၀ တောင့်
(၄) ကျည်အိမ် ၅ ခု
(၅) RPG ဒုံး ၄ လုံး၊ ၄၀ မမ ဗုံးသီး ၁၁ လုံး
(၆) အီနာဂါ ၅ လုံး
(၇) မိုင်းမျိုးစုံ ၇ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။
(ပေါက်)
-ဇူ ၂၀ ရက် ညနေ ၆ နာရီခန့်က ပေါက်မြို့နယ်၊ ဆယ်ဝရွာအနီးအား ဒေသခံများ၏ သတင်းပေးမှုအရ နယ်မြေရှင်းလင်းစဉ် ရန်သူ့စခန်းပုန်းတစ်ခုအား တွေ့ရှိရှင်းလင်းနိုင်ခဲ့ပြီး-
(၁) FCG(9) သေနတ် ၃ လက်
(၂) လုပ်သေနတ် ၁ လက်
(၃) ပစ်ကျင်း ၉၀ ကျင်း
(၄) ဘန်ကာ ၁၀ လုံး
(၅) ဗုံးခိုကျင်း ၁၀ ကျင်း
(၆) တဲ ၁၅ လုံး တို့အား မိမိထိခိုက်မှုမရှိ သိမ်းပိုက်ရရှိခဲ့သည်။
(မတ္တရာ-ဘိုကုန်း)
-ဇူ ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဘိုကုန်းရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် PDF ၆၀ ဦးခန့်နှင့် ထိတွေ့မှု (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) လက်နက်မျိုးစုံ ၅ လက်
(၃) ကျည်အိမ်/ကျည်ဆန်များသိမ်းပိုက်ရရှိခဲ့သည်။
(မတ္တရာ-မြကံသာ)
-ဇူ ၂၀ ရက်နေ့ မနက် ၅ နာရီချိန်ခန့်မှစ၍ ညနေ ၅ နာရီအထိ မတ္တရာမြို့နယ်၊ မြကံသာရွာအနီးတွင် လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါနေရာမှ ခေတ္တဆုတ်ခွာခဲ့။ ဇူ ၂၁ ရက်(ယနေ့) မနက်ပိုင်းတွင် ခေတ္တဆုတ်ခွာခဲ့သည့် မြကံသာရွာနေရာအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရန်သူ့အလောင်း၊ လက်နက်များ သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။
(သပိတ်ကျင်း)
-ဇူ ၂၀ ရက် ညနေပိုင်းအချိန်တွင် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းစစ်ကြောင်းများနှင့် အကြမ်းဖက် PDF အဖွဲ့တို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ-
(၁) အကြမ်းဖက် PDF ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ၄၀ မမ ဗုံးသီး ၇ လုံး
(၅) အိုင်ကွန်(မကောင်း) ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့သည်။
