အခုတလော NUG အဖွဲ့ကို သူတို့ထောက်ခံသူအချင်းချင်း ဝေဖန်နေတာ တွေ့ရတယ်။ NUG ရဲ့ အရည်အချင်းကလည်း ပြောလည်း ပြောချင်စရာ.. အချင်းချင်းတောင် ဝိုင်းဆဲသူ၊ ကျိန်စာတိုက်သူတွေ များလာပါတယ်။ သက္ကမိုးညို(ပြောင်ကြီး) ဆိုရင် လုပ်ကြံခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် ငြိမ်ကုတ်နေရပါတယ်။
အဓိကပြဿနာက CRPH .. ၂၀၂၁ ဖေ ၅ ရက်နေ့ နေပြည်တော်ထဲမှာ အောင်ကြည်ညွန့် ခေါင်းဆောင်ပြီး ဇင်မာအောင်၊ လွင်ကိုလတ်၊ ထွန်းမြင့်၊ ဖြူဖြူသင်းတို့ ကြိတ်ပုန်းတိုင်ပင်ပြီး CRPH ဖွဲ့ဖို့လုပ်ကြတယ်။ CRPH ထဲမှာ သူတို့ဩဇာညောင်းတဲ့သူ ၁၀ ယောက်လောက်ကိုလည်း ဆွဲထည့်ဖွဲ့လိုက်တယ်။ ဒီလိုနဲ့ဖွဲ့လိုက်တဲ့ ၁၅ ယောက်လောက်ဟာ အကြမ်းဖက် KNU တမဟ(၅)နယ်မြေကို တိမ်းရှောင်သွားလိုက်တယ်။
ဖေ ၁ ရက်နေ့ကတည်းက ဒေါ်စုအပါအဝင် NLD က CEC တွေအကုန် အဖမ်းခံရတယ်။ ၂၀၂၁ ဧပြီလထဲမှာ NUG ကို ဖွဲ့ဖို့ ဇင်မာအောင်နဲ့ လွင်ကိုလတ်တို့က ကြိုတင် plan ဆွဲပြီးသား။ အဲဒီတော့ ၂၀၂၁ မတ် ၂ ရက်နေ့မှာ CRPH ထဲက ဇင်မာအောင်နဲ့ လွင်ကိုလတ်ကို NUG ဝန်ကြီးတွေအဖြစ် ဆွဲခန့်လိုက်ပြီး တင်ထွန်းနိုင်နဲ့ ဇော်ဝေစိုးကိုတော့ အိမ်ဖြည့်အဖြစ် ထည့်လိုက်တယ်။ အဲဒီသူအကုန်လုံးက စာရွက်ပေါ်မှာပဲ လေလှိုင်းပေါ်က ခန့်လိုက်တာဖြစ်တယ်။ ဧပြီလ မှာ ပေါ်လာမယ့် NUG ဖွဲ့စည်းမိန့်တောင် မစောင့်နိုင်ဘဲ ကြိုတင်ခန့်ထားတာ ဖြစ်တယ်။
၂၀၂၁ ဧပြီ ၁၆ ရက်နေ့မှာ NUG ကို ဖွဲ့စည်းတယ်။ တကယ့်အရေးပါတဲ့နေရာတွေကို ဇင်မာအောင်၊ လွင်ကိုလတ်နဲ့ ရည်မွန် တို့က ယူလိုက်တယ် (အရင်တည်းက ခန့်ပြီးသား)။ ဇင်မာအောင်က (နိုင်ငံခြားရေး)၊ လွင်ကိုလတ်-မုဒိန်းကောင်က (ပြည်ထဲရေး)၊ ရည်မွန်-အရက်သမားက (ကာကွယ်ရေး) ဝန်ကြီးနေရာတွေကို ယူလိုက်ကြတယ်။
ဒီအချိန်မှာ အဓိက ဗီလိန် အောင်ကြည်ညွန့်က ရောက်မလာသေးဘူး။ လူထုက သူတို့ကိုထောက်ခံပြီလို့ မှန်းဆရတဲ့အချိန်မှ ခွေးတိုးပေါက်ကနေ ရောက်လာတယ်။ တိတိကျကျပြောရရင် ဧပြီ ၂၀ ရက်နေ့ မှ။ အဲဒီနောက်ပိုင်း အောင်ကြည်ညွန့်က အကုန်ခြယ်လှယ်တော့တာပဲ။
ဆိုချင်တာက NUG ဝန်ကြီးဆိုတဲ့ ဇင်မာအောင်၊ လွင်ကိုလတ်၊ ရည်မွန်တို့ဆိုတာ စာရွက်ပေါ်မှာ လုပ်ချင်သလိုလုပ်ပြီး ခန့်လိုက်တဲ့သူတွေပါပဲ။ တကယ့်ကို ဆန်းကြယ်သမိုင်းကြီးပါပဲ (သောက်ရှက်ဗြန်းဗြန်းကွဲ သမိုင်း)။
ဒါဆို သောက်သုံးမကျ၊ အရည်အချင်းမရှိ၊ နိုင်ငံရေးမသိ သိက္ခာမရှိတဲ့ ဝရမ်းပြေး ဇင်မာအောင်၊ လွင်ကိုလတ်၊ ရည်မွန် တို့ကို ဘယ်သူက ဝန်ကြီးခန့်လိုက်တာလဲဆိုတာ သိပြီဖြစ်ပါလိမ့်မယ်။ အကြမ်းဖက် NUG ရဲ့ဘဝကတော့ မြောင်းထဲကို ဇောက်ထိုးဆင်းသွားပါပြီ။ ၈၈ က ဦးစိန်ဝင်းရဲ့ NCGUB ထက် ပိုပြီး ဗြုတ်စဗြင်းတောင်းနိုင်လိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်.. ခင်ဗျာ။။။
(ပုံတွေကတော့ ပြည်ဖျက်အကြမ်းဖက်အဖွဲ့ရဲ့ ဖွဲ့စည်းပုံတွေပါ)




