ICC တရားသူကြီး ၄ ဦးကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်

ဂါဇာကမ်းမြောင်စစ်ပွဲအတွင်း ပါလက်စတိုင်းတွေအပေါ် အစ္စရေးက မတရားပြုကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အထူးကိုယ်စားလှယ် ဖရန်ချက်စကာ အယ်ဘန်နီဇ် ကို ထရွမ့်အစိုးရက အရေးယူမှုတွေပြုလုပ်ခဲ့သည်။

အယ်လ်ဘေးနီးစ်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပယ်ချလိုက်ပြီး သူမရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

အစ္စရေးကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ ICC တရားသူကြီး ၄ ဦးကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး ဒီပိတ်ဆို့အရေးယူမှုကြောင့် အယ်ဘန်နီဇ်ဟာ အမေရိကန်ကို ခရီးသွားလာမှု ပိတ်ပင်ခံရပြီး အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့သွားဖို့ ရှိနေပါတယ်။

ရူဘီယိုက အယ်ဘန်နီဇ်ဟာ အကြမ်းဖက်ဝါဒကို ထောက်ခံသူဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး သူဟာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ရာထူးနဲ့ မထိုက်တန်ဘူးလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *