ဇူလိုင် ၂ ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းမှာ –

-ထိုင်းအထက်လွှတ်တော်အမတ်များ၏အဆိုတင်သွင်းချက်ကြောင့် အခြေခံဥပဒေခုံရုံးက ပေထုံတန်အား ရာထူးမှဆိုင်းငံ့လိုက်ပြီး ဒုဝန်ကြီးချုပ် ဆူရီယာ ၊ ဝန်ကြီးချုပ်ဖြစ်လာသည်။

-ယူဂန္ဓာ တွင် ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်မှသမ္မတဖြစ်လာသူ မူဆာဘီ( ၈၀ နှစ်) က အနှစ် ၄၀ ကြာအုပ်ချုပ်ပြီးနောက် အခြေခံဥပဒေကို ၂ ကြိမ်ပြင်ကာ လာမည့်ရွေးပွဲတွင် အရွေးခံဦးမည်ဟုကြေငြာသည်။

-စပိန် ဘာဆီလိုနာ ရှိ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီး အပူရှပ်သေဆုံးပြီးနောက် ၄၆ံC အထိအပူရှိန်မြင့်တက်နေ၍ အနီရောင်အဆင့် အပူလှိုင်းသတိပေးချက်ကို ဆွတ်ဇာလန် ၊ ပြင်သစ် ၊ ဟန်ဂေရီ ၊ ဆလိုဗေးနီးယား ၊ ဂျာမနီ စသည့် ဥရောပတလွှား ထုတ်ပြန်ထားသည် ။

ပြည်တွင်းထူးခြားသတင်းများ

-မိုးဗြဲမှဆုတ်ခွာနေရသော သူပုန်တို့သည် ဖားဆောင်းအားဝင်ရောက်တိုက်ခိုက်နေသည်။

-စစ်ကိုင်း မင်းကွန်း ပုထိုးတော်ကြီးအနီးရှိ ချောင်းမကြီး ၊ ကင်းရွာ ၊ မြသိန်းတန် စေတီတဝိုက် နယ်မြေရှင်းလင်းနေသည်။

-လူမရှိတော့သည့် စလင်းမြို့ပေါ် ထွေအုပ်ရုံးသို့ PDF များဝင်ရောက်၍ ရုံးသုံးပစ္စည်းများ ရိုက်ချိုးဖျက်ဆီး ထွက်ခွာသွားသည်။

-လေးမျက်နှာမြို့နယ်တွင် AA တို့အသေများသဖြင့် စစ်ရာဇဝတ်မှု့ကျူးလွန်နေကြောင်း ပြည်ပမီဒီယာများကဖော်ပြသည်။

-ပြည်ပသို့ကုန်တင်ပို့ရငွေကိုဘဏ်စာရင်းထဲမထည့်သည့် ကုမ္ပဏီ ၁၉၇ ခုကို နာမည်ပျက်စာရင်းကြေငြာခဲ့ရာ ၊ ထိုင်း CP ကုမ္ပဏီ ၊ BGF စောချစ်သူ ၏ ချစ်လင်းမြိုင် ကုမ္ပဏီ ၊ China International Forestry ကုမ္ပဏီတို့ပါဝင်ခဲ့သည်။

-နောက်ထပ် မိုး ၅ ရက်ဆက်ရွာ၍ရေကြီးနိုင်ကြောင်း မိုးဇလ က ထုတ်ပြန်သည်။

-တပ်ကုန်းမြို့နယ် အနောက်မြောက်စွန်း ရွှေမောင်းဂွတ်အုပ်စု သုံးလမ်းဆုံ တဲတိုက်နေ တင်စိုး ( ၄၅ နှစ်) နှင့် နှင်းစန္ဒာ ( ၁၈ ) တို့နေအိမ်အား ဆိုင်ကယ် ၂ စီးဖြင့်လက်နက်ကိုင် ၄ ဦး ရောက်ရှိလာပြီး အကြောင်းမဲ့ ကြိုးတုပ်ရိုက်နှက် မျက်စိပိတ်ခေါ်ဆောင်ကာ တောတွင်းတစ်နေရာအရောက် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *