နိုင်ငံတကာထူးခြားသတင်းမှာ –
-အိမ်နီးချင်း အဇာဘိုင်ဂျန် နှင့်ပြသနာဖြစ်နေသော အာမေးနီးယန်းတွင် အာဏာသိမ်းရန်ကြံစည်သည်ဟု စွတ်စွဲချက်ဖြင့် ဘာသာရေးဂိုဏ်းချုပ်တစ်ဦး စီးပွားရေးလုပ်ငန်းရှင် ၆၀ ဦး နှင့် အစိုးရအဖွဲ့ဝင်အချို့အပါအဝင် လူ ၁၀၀၀ ကျော်ဖမ်းထားကြောင်း ဝန်ကြီးချုပ် နီကိုးပါရှန်ဟန် က ပြောသည်။
-ယူကရိန်း မစ်ဇ်ုင်းထိ၍ ရုရှား volgograd လေတပ်စခန်းမှ su 34 ၄ စီးပျက်ဆီးပြီး ၅ ဦးသေ ၂၀ ဒဏ်ရာရသည်။
-ကန် ကြားဝင်ပေးမှု့ဖြင့် ကွန်ဂို – ရဝမ်ဒါ အနှစ် ၃၀ ကြာ ပဋိပက္ခ အဆုံးသတ်စာချုပ်ချုပ်ဆိုသည်။
-ဗဟိုအာဖရိကနိုင်ငံ အထက်တန်းကျောင်းတစ်ခု ထရန်စဖော်မာပေါက်ကွဲ၍ ကျောင်းသား ၂၉ ဦးသေသည်။
-ဗြိတိန်နိုင်ငံ လန်ဒန်ဂိတ်ဝေးဆိပ်ကမ်း ၌ ပနားမားမှလာသော သင်္ဘောပေါ်မှ ဒေါ်လာ သန်း ၁၄၀ တန် ကိုကင်း ၂.၄ တန်ဖမ်းမိပြီး ကမ္ဘာတဝှမ်း ကိုကင်းထုတ်လုပ်မှု့ ၄ ဆ တိုးလာသည်ဟု ကုလက ပြောသည်။
-အီရန်မြို့တော်၌ အစ္စရေးတိုက်ခိုက်မှု့ကြောင့်သေဆုံးခဲ့သူ လူကြီးပိုင်း ၆၀ ကို နိုင်ငံတော်စျာပနအဖြစ် ကျင်းပခဲ့သည် ။
-တရုတ်တောင်ပိုင်း ကွမ်ဒေါင် ဟူနန် ကျန်းရှီး မော်မင်းမြို့များအပါအဝင် ပြည်နယ် ၁၀ ခု ရေကြီးရေလျံမှု့ဖြစ်နေသည်။
-စင်ကာပူတွင် အသက် ၃၁ နှစ်အရွယ် မြန်မာအိမ်ဖော် က အသက် ၈၁ နှစ်အရွယ်အိမ်ရှင်အဖိုးအဖွား၏ ATM ကဒ် မှ စင်ကာပူ ဒေါ်လာ ၁၂၀၀၀ ကို ၁၁ ကြိမ်ခွဲထုတ်ယူခဲ့ကြောင်းပေါ်ပေါက်၍ ထောင်ဒဏ် ၉ လ ကျသွားသည် ။
ပြည်တွင်းထူးခြားသတင်းများ
-Peace Forum တွင် နိုင်ငံရေးအကျဥ်းသားများလွှတ်ပေးရန်နှင့် ပြည်ပ ထွက်ပြေးသူများကို ပြန်လက္ခံပေးရန်ဆွေးနွေးခဲ့ကြောင်း ဦးကိုကိုကြီး က ပြောသည် ။
-ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်း မှော်ဝမ်းကြီး လမောင်းကုန်း နယ်မြေများလက်မလွှတ်ရရေး KIA တို့အသည်းအသန် ခုခံနေရသည် ။
ဗန်းမော်သို့ဦးတည်သော စစ်ရေယဥ် ၂၀ ပါ ၃ သုတ် ပေါင်း ၆၀ စင်း မြစ်ကြောင်းအတိုင်းရှင်းလင်း၍ ဆန်တက်သွားပြီး ချင်းတွင်းမြစ်တွင် စစ်ရေယဥ် ၁၈ စီး ရှင်းလင်းဆန်တက်သွား၍ သူပုန်များ တုန်လှုပ်နေသည်။
-ကျောက်မဲ ဆောက်လုပ်ရေးရိပ်သာ၌အခြေပြုပြီး နောင်ချိုတိုက်ပွဲကိုကွပ်ကဲနေသူ ပလောင်သူပုန်စစ်ကြောင်းမှုးပါ ၂၀ ဦး ည ၁၂ နာရီအချိန် ဗုံးကျ သေသည်။
