ဇွန်လ ၂၇ ရက် သပိတ်ကျင်းဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူများအား ပိုက်စိပ်တိုက် နယ်မြေရှင်းလင်းရာ အကြမ်းဖက် TNLA/PDF ၃၅ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူမှာ ၎င်းတို့အလောင်း/လက်နက်များဆွဲ၍ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ရန်သူ့ထံမှ -(၁) အကြမ်းဖက် TNLA/PDF ၅ လောင်း(၂) လက်နက်မျိုးစုံ ၅ လက်(၃) Drone Guard ၁ ခု(၄) ရှော့တိုက်မိုင်း ၁၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်။
-မြန်မာနိုင်ငံသားများဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူဖြစ်တဲ့အတွက် တပ်မတော်မှ အပြီးတိုင်ချေမှုန်း သွားမည် ဖြစ်ပါသည်။




