နှစ်နှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့

ပြီးခဲ့သည့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့သည်။ထိုအထဲတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုများ ဖြစ်သည်။ထိုအချက်အလက်များကို နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲဌာနချုပ် အရိန္ဒမာခန်းမ၌ ပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရခြင်း ဖြစ်သည်။

ထိုလုပ်ငန်းကော်မတီအစည်းအဝေး၌ ပြည်တွင်းကိုရောက်ရှိသည့် အချိုသော တရုတ်လူမျိုးများသည် မြန်မာအမျိုးသမီးများကို ဇနီးသားမယားအဖြစ် စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားနေသည့်အတွက် သတိထားရန်လိုကြောင်းလည်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြောကြားသည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ နှင့် ၂၀၂၅ ဇွန်လအတွင်း တရုတ်နိုင်ငံ ၄၈ မှု၊ လာအိုနိုင်ငံ ၁ မှု၊ ကမ္ဘောဒီးယား ၁ မှုနှင့် ပြည်တွင်း ၁၇ မှု စုစုပေါင်း လူကုန်ကူးမှု ၆၇ မှုကို အရေးယူနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုများထဲတွင် အဓမ္မလက်ထပ်စေမှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေမှု၊ အငှါးကိုယ်ဝန်ဆောင်ခိုင်းမှုများလည်း ပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *