အကြမ်းဖက် PDF များမှ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်သတ်ဖြတ်

ဇွန်လ ၂၀ ရက် ၁၁၀၀ နာရီတွင် ညောင်ဦးမြို့နယ်၊ တောင်ဖက်တန်းကျေးရွာနေ ဦးညွန့်လှိုင်(၆၇)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ညိုရင်၊ သမီးဖြစ်သူ မခိုင်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၆ ဦးခန့်တို့သည် လက်နက်ငယ် (စိစစ်ဆဲ)များ ကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် ကျေးရွာ၏ တောင်ဘက်ခက်လန်းကန်ကျေးရွာဘက်မှ ရောက်ရှိလာပြီး ဦးညွန့်လှိုင်အား လက်ပြန်ကြိုးတုပ်၍ ဆိုင်ကယ်ပေါ် တင်ဆောင်ကာ ကျေးရွာ​​တောင်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။

ခေါ်ဆောင်သွားပြီး တောဖက်တန်း-ခက်လန်းကန် သွားကျေးရွာချင်းလမ်းဘေး လယ်ကွင်းအစပ်သို့အရောက်၌ ဦးညွန့်လှိုင်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဝဲရင်အုံ၊ ဝဲပါး၊ ဝဲနဖူး၊ ဦးခေါင်းနောက်စေ့ကျည် ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *