ထိုင်းလူမျိုးတို့ရဲ့ စိတ်ဓာတ်

ထိုင်းနိုင်ငံမှာတော့ ပြည်တွင်းရေးအခြေအနေ ခပ်လှုပ်လှုပ်ဖြစ်လာတာကို တွေ့ရှိရပြီး ထိုင်းဝန်ကြီးချုပ် ပေတုံတန်နဲ့ ထိုင်းစစ်တပ်အကြီးအကဲတွေကြား မသင့်မမြတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

အကြောင်းကတော့ ပေတုံတန်နဲ့ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်တို့ ဖုန်းပြောတဲ့ အသံဖိုင် ပေါက်ကြားမှုကတစ်ဆင့် ထိုင်းဝန်ကြီးချုပ်က ထိုင်းစစ်တပ်အကြီးအကဲ တစ်ဦးကို ပုတ်ခတ်ပြောဆိုခဲ့တာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကိစ္စကြောင့် ထိုင်းပြည်သူတွေ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမှုအချို့ရှိခဲ့သလို ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ Bhumjaithai Party ကလည်း နှုတ်ထွက်သွားခဲ့ပါတယ်။

ထိုင်းပြည်သူတွေကတော့ သူတို့နိုင်ငံကို နိုင်ငံရေးသမားတွေ ချယ်လှယ်တာကို လက်မခံပါဘူး။ သူတို့ရဲ့ ဘုရင်နဲ့ စစ်တပ်ကို အထိအခိုက်မခံဘူးဆိုတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံမှာ ဘယ်ဝန်ကြီးချုပ်တက်တက် စစ်တပ်ကို စော်ကားလို့ မရဘူး.. ဘာလို့လဲဆိုတော့ ပြည်သူတွေက နိုင်ငံရေးသမားတွေထက် စစ်တပ်ကို ပိုယုံကြည်လို့ပဲ ဖြစ်ပါတယ်။

ဒါဟာ.. ထိုင်းလူမျိုးတွေရဲ့ ဆင်ခြင်တွေးခေါ်နိုင်တဲ့ level မြင့်မားနေပြီလို့ ဆိုရမှာပါပဲ။

KT (https://t.me/kothetjournalist9000)

Leave a Reply

Your email address will not be published. Required fields are marked *