မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သည့် နိုင်ငံခြားသား ၁,၇၀၁ ဦးကို မလေးရှားအစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ရာ ထိုအထဲတွင် မြန်မာနိုင်ငံသား (၃၂၀) ဦး ပါဝင်သည်ဟု သိရသည်။
ပြည်နှင်ဒဏ်ပေးခံရသည့် အဆိုပါ နိုင်ငံခြားသားများသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ကွာလာလမ်ပူမြို့တွင် ဖမ်းဆီးထောင်ချခံရပြီးနောက် အကျဥ်းထောင်မှ လွတ်မြောက်လာသူများဖြစ်သည်ဟု သိရပြီး ထိုအထဲတွင် မြန်မာ ၃၂၀ ဦးအပြင် အင်ဒိုနီးရှား ၆၆၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၃၀၉ ဦး၊ ထိုင်း ၁၂၀ ဦး နှင့် အိန္ဒိယ ၁၀၃ ဦးတို့ပါဝင်သည်ဟုဆိုသည်။
မလေးရှားနိုင်ငံတွင် ခိုးဝင်မြန်မာများအပါအဝင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများကို အာဏာပိုင်များမှ ဖမ်းဆီးထောင်ချပြီး နေရပ်ပြန်လည်ပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
crd .MHT
