အကြမ်းဖက်PDF များ၏ ပြည်သူများအပေါ် အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ

-ဇွန်လ ၁၅ ရက်နေ့ ၀၈၀၀ နာရီတွင် ဖောင်းပြင်မြို့နယ်၊ ငှက်ပျောတော(အောက်)ကျေးရွာနေ ဦးကျော်ခင်(၅၂)နှစ်သည် ၎င်း၏နွားအား လိုက်လံရှာဖွေစဉ် ကျေးရွာ၏တောင်ဘက် ၃ မိုင်ခန့်အကွာ ရောင်းဟီးကျေးရွာအဝင်သို့ အရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးကျော်ခင်တွင် ရင်အုံကျည်ဖောက်ဝင် (မစိုးရိမ်ရ)ရရှိခဲ့။

-ဇွန်လ ၁၅ ရက် ၀၁၀၀ နာရီတွင် ဝန်းသို့မြို့နယ်၊ ချမ်းမြသီတာကျေးရွာသို့ ဝန်းသိုမြို့နယ် PDF အကြမ်းဖက်အဖွဲ့မှ စိုးဝင်း(ခ)အာဗြဲ ခေါင်းဆောင် အင်အား ၁၅ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျေးရွာနေ မင်းအောင်(၃၇)နှစ်၊ ဦးကုလား(၆၇)နှစ်၊ ဖိုးဇော်(၃၇)နှစ်နှင့် မျိုးနိုင်(၃၆)နှစ်တို့ ၄ ဦးအား မေးမြန်းစရာရှိသည်ဟုပြောဆို၍ လေသာကျေးရွာဘုန်းကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့ ၄ ဦးအား ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ မင်းအောင်သည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့။

-ဇွန်လ ၁၅ ရက် ၁၂၃၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာနှင့် အင်္ဂပိုကျေးရွာအကြား၊ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ်(၁၀၁/၁)နှင့် (၁၀၁/၂)အကြား ရာဘာခြံအနီး၌ လက်လုပ်ရီမုရှေ့ထွက်မိုင်း ၁ လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ရာဘာခြံဝင်ပေါက်တံခါး ဘက်သို့ မျက်နှာမူထားသည့် လက်လုပ်ရီမု ရှေ့ထွက်မိုင်း ၁ လုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *