ဇွန် ၁၄ ရက် မနက် ၈ နာရီချိန်ခန့်က ဒေသခံပြည်သူများကို ပြန်ပေးဆွဲ ငွေညှစ်နေသည့် NUG/PDF အဖွဲ့ ရောက်ရှိနေကြောင်း သတင်းပေးပို့ချက်အရ ချောက်မြို့၏ တောင်ဘက် မီတာ ၉၀၀၀ ခန့်ကွာ ကိုင်းထောက်ကန်ရွာ ဝန်းကျင်အား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် PDF ၁၅ ဦးခန့်နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူ ထွက်ပြေးသွားခဲ့ရာ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ-
(၁) အကြမ်းဖက် PDF ၂ လောင်း(၂) M-22 သေနတ် ၁ လက်(၃) ကျည်အိမ်/ကျည်ဆန်များသိမ်းပိုက်ရရှိခဲ့သည်။

