လူမှုကွန်ရက်ပေါ်တွင်တွေ့ရှိရသည့် NUG ဘက်တော်သား သေဆုံးမှုသတင်းများ

  • ဇွန်လ ၁၁ ရက်တွင် မင်းပြားမြို့ ၊ AA ရဲစခန်း ဗုံးကြဲခံရလို့ AA/PDF တပ်ဖွဲ့ဝင် ၇ ဦးသေပြီး ဒဏ်ရာရသူ အများအပြားရှိ။
  • ဇွန်လ ၈ ရက်တွင် မန်တုံမြို့နယ်၊ မိုင်းဘော်နဲ့ မိုနွဲ့ကျေးရွာသွားလမ်းတွင် ဆိုင်ကယ်ဖြင့်သွားလာနေသည့် TNLA ၁ ဦးကို PDF အဖွဲ့က ပစ်သတ်ခဲ့။
  • P.S.F အဖွဲ့တာဝန်ခံ ဗိုလ်မီးခဲအား NUG အဖွဲ့ရဲ့ အလှူငွေခိုးမှုအပေါ် ဝေဖန်ပြစ်တင်ခဲ့မှုကြောင့် ဇွန်လ ၈ ရက်တွင် PDF များ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရ။
  • PLA စစ်သင်တန်းကျောင်းအုပ် ရဲဘော် ကိုမိုးခေါ် ကဗျာဆရာ ညီလင်းခ ဇွန်လ ၁၁ ရက်တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာနယ်တစ်နေရာ၌ တိုက်ပွဲကျဆုံးခဲ့ဟု PLA အနောက်မြောက်စစ်ဒေသ၊ အမှတ် ၈၁၅ တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့။
  • ဒီးမောဆို PDF ဒုခေါင်းဆောင် ၁ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရ။
  • ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းတိုက်ပွဲအတွင်း KNDF ၂၉၊ ခွဲ(၁)မှ စစ်ကြောင်းမှူးနဲ့ ဒုတပ်ခွဲမှူး ကျဆုံး။
  • ရတနာပုံတလရတပ်ဖွဲ့မှ ၂၃ နှစ်အရွယ် ကျဆုံးရဲဘော်ခွန်စိုင်းရဲ့ ဈာပနအခမ်းအနားပြုလုပ်။
  • ကျဆုံးသွားသော ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ ကျဆုံးခြင်းအတွက်အမိန့်စာပြန်တမ်းဖတ်ကြားခြင်းနှင့် သဂြိုလ်ခြင်းအခမ်းအနားကို ဇွန်လ ၉ ရက်တွင် ပြုလုပ်ခဲ့။
  • ဇွန်လ ၁ ရက်တွင် ဟန်နားကျေးရွာအုပ်စုအနီး SSPP နဲ့ MNDAA တို့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း MNDAA ဘက်မှ ၈ ဦးသေဆုံးခဲ့။
  • ဇွန်လ ၁၃ ရက်တွင် AA တပ်ဖွဲ့ဝင် ၁ ဦး တိုက်ပွဲတွင်း ကျဆုံးခဲ့သောကြောင့် ဝမ်းနည်းကြောင်း AA အကြမ်းဖက် ၁ ဦးက ရခိုင်ပြည်နယ်(သတင်း)ဂရုမှ တင်ထား။
  • ဇွန်လ ၄ ရက်၊ မိုးဗြဲတိုက်ပွဲအတွင်း အကြမ်းဖက် (KNDF) တပ်ရင်း(၃) စစ်ကြောင်းမှူး ရဲဘော် စံသိန်း (ခ)ရှမ်းလေး စစ်တပ်၏ drop bomb ထိမှန်၍ သေဆုံးခဲ့။
  • အထက်ဖော်ပြပါဖြစ်စဉ်များသည် ဇွန်လအတွင်း အကြမ်းဖက် PDF များနှင့် သူပုန်များ၏ ကျဆုံးမှုစာရင်းများဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် Social Media များပေါ်မှာ ဖော်ပြထားမှုများအား စာရင်းပြုစုထားခြင်းဖြစ်ပါသည်။ ဖော်ပြချက်များတွင် အကြမ်းဖက် PDF/သူပုန် (၂၄)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
  • ၎င်းတို့ကိုယ်တိုင် ဖော်ပြထားသည့် စာရင်းများဖြစ်ပါသည်။ တနင်္လာနေ့တွင် ထပ်မံဖော်ပြပေးပါမည်။

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

Leave a Reply

Your email address will not be published. Required fields are marked *