မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နဲ့အတူ အုပ်စု (B) မှာ ကျရောက်ခဲ့ပါတယ်။
ပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှုကို ဒီကနေ့မနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့ပြီး အုပ်စု (A) မှာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ အုပ်စု (B) မှာ မြန်မာ၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့ ကျရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လာမယ့် သြဂုတ် (၆) ရက်ကနေ (၁၉) ရက်အထိ လက်ခံကျင်းပမှာဖြစ်ပါတယ်။
အုပ်စုတစ်ခုမှ ထိပ်ဆုံးနှစ်သင်းစီဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံရဲ့ ဖူတိုနဲ့ ဟိုင်ဖောင်မြို့ နှစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Photos: Asean football. MFF

