မေ ၂၄ စနေနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အမေရိကန်က ဖိတ်ခေါ်ထားသော ဒေါ်လာ ၁၇၅ ဘီလျံတန် ရုရှားနှင့်တရုတ်တို့၏ ဒုံးကျည်အန္တရာယ်မှ ကာကွယ်ရေးစနစ် Golden Dome အစီအစဥ်သည် အာကာသ၌လက်နက်တပ်ဆင်ပြိုင်ပွဲဖြစ်လာနိုင်၍ စွန့်လွှတ်သင့်ကြောင်း တရုတ်ပြောခွင့်ရ မာအိုနင်း က တိုက်တွန်းလိုက်သည် ။

-ဆန်စျေး ၂ ဆတက်နေစဥ် မိမိသည်ဆန်ဝယ်စားစရာမလို လက်ဆောင်ရသောဆန်ကိုသာစားကြောင်း ဟာသအနေဖြင့်ပြောခဲ့သူ ဂျပန် စိုက်ပျိုးရေးဝန်ကြီး တာဘိုအီတို ရာထူးမှနုတ်ထွက်သွားရသည် ။

-အိမ်ဖြူတော်အလည်ရောက် သမ္မတရာမာဘိုဆာအား တောင်အာဖရိကတွင်လူဖြူလယ်သမားတွေ မျိုးတုံးသတ်ဖြတ်ခံနေရကြောင်း ထရန့်ကပြောဆိုခဲ့ရာ ရာမာဘိုဆာ က အဲ့လိုဆိုရင် သူနဲ့အတူပါလာတဲ့ တောင်အာဖရိကလူဖြူ ဂေါက်သမားအကျော်အမော် ၂ ယောက်နှင့် အီလွန်မတ်တို့ ဒီနေရာမှာ ရှိနေတော့မှာမဟုတ်ဘူး ဟု တုန့်ပြန်ပြောဆိုခဲ့သည် ။

-တန်ချိန် ၅၀၀၀ ရှိ ဖျက်သေင်္ဘာသစ်ရေချရာ မတော်တဆဖြစ်ပြီး ညာဘက်ခြမ်း အောက်ခြေ ကြေမွရေဝင်ခဲ့မှုအပေါ် ပေါ့ဆသူကို အရေးယူမည်ဟု မြောက်ကိုးရီးယား ခေါင်းဆောင်ကပြောသည် ။

-ယူကရိန်းက ဒရုန်း ၁၂၈ စင်းဖြင့်တိုက်ခိုက်ရာ ရုရှားက ၁၁၂ စင်းပစ်ချနိုင်ခဲ့ပြီး မော်စကို လေဆိပ် ခတ္တပိတ်ထားလိုက်ရသည်။

-လက်ရှိထိုင်းဝန်ကြီးချုပ် ပေထုန်တန် ၏ အဒေါ် ဝန်ကြီးချုပ်ဟောင်း ယဥ်လတ် အား ၎င်းအာဏာရှိစဥ် လယ်သမားများထံမှစပါးကိုပေါက်စျေးထက် ၅၀% ပိုပေးဝယ်ခဲ့မှု့ကြောင့် နိုင်ငံတော်ဘတ်ဂျက် အလွဲသုံးမှု့ဖြင့် ဒဏ်ငွေ ဘတ် ၁၀ ဘီလျံ ချမှတ်ခဲ့ရာ တသက်လုံးဆပ်မကုန်၍ အယူခံထပ်ဝင်မည်ဟုဆိုသည် ၊ ယ္ခင်က အယူခံဝင်၍ ထောင် ၅ နှစ် နှင့် ဘတ် ၃၅ ဘီလျံ မှ ထောင်မပါ နှင့် ဘတ် ၁၀ ဘီလျံသို့ လျော့ချပေးခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းထူးခြားသတင်းများ

-ပြည်ပတွင်နေထိုင်သော AA သူပုန်ခေါင်းဆောင် ထွန်းမြတ်နိုင် က ရခိုင်ပြည်နယ်အတွင်းမှ အသက် ၁၈ မှ ၄၅ နှစ်အတွင်း ကျား ၊ ၁၈ နှစ်မှ ၂၅ နှစ်အတွင်း မ အားလုံး AA ထဲဝင်ရန်နှင့် ပြည်နယ်အတွင်းမှထွက်ခွာခွင့်မပြုကြောင်းအမိန့်ထုတ်ခဲ့သော်လည်း ဒေသခံရခိုင်များနည်းမျိုးစုံဖြင့် နေရပ်စွန့်ခွာနေကြသည် ။

-ထီးလင်းမြို့နယ် ကျင်းရွာ နတ်ထိတ် PDF စခန်းဗုံးကြဲခံရသည် ။

-ရန်ကုန်တွင် YBS ပေါ်ခါးပိုက်နိုက်စဥ် ရုန်းကန်ခဲ့သူအားအုပ်စုဖွဲ့ရိုက်နှက်ခဲ့သူ ၅ ဦး ၊ အမရပူရ တွင် မီနီအိုးဝေအားငှားစီးပြီး ဒါးထိုးလုယက်သူ ၂ ဦး ၊ မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုး/ပိုက်ဆံအိပ်/ဖုံး လိုက်လုသူ ၅ ဦး တို့ဖမ်းဆီးရမိခဲ့သည် ။

-တောင်ငူ ကျွန်းကုန်းရွာ ၊ ၁၆ နှစ်အရွယ် အိမ်နီးခြင်း ၉ တန်းကျောင်းသူကို မိခင်မရှိခိုက် ကြိုးတုပ် အဓမ္မကျင့် သတ်ဖြတ် ခဲ့သူ ၂ ဦးအား တရားရုံးက သေဒဏ်ချမှတ်ခဲ့သည် ။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

-ဇေယျာသီရိမြို့နယ်တွင် ပြည်ပရောက်ခင်ပွန်းဖြစ်သူနှင့် v-call ခေါ်စကားများရန်ဖြစ်ခဲ့သူ အသက် ၂၀ အရွယ်အမျိုးသမီး ကြိုးဆွဲချသတ်သေသည် ။

-လယ်ဝေး ရေနီလေးတံတား စစ်ဆေးရေးဂိတ် တွင် မော်တော်ယဥ် ၂ စီးပေါ်မှ ကာလပေါက်စျေး ကျပ်ငွေ ၂၉၉၉၁ သိန်းတန် ဘိန်းဖြူ နှင့် မူးယစ်ဆေးပြားများကို လူ ၇ ဦးနှင့်အတူ ဖမ်းမိသည် ။

Leave a Reply

Your email address will not be published. Required fields are marked *