ဖုန်းနှင့် ဆိုင်ကယ်တို့ကို အုပ်စုဖွဲ့လုယက်နေသည့် ဂိုဏ်းအဖွဲ့မှ အမျိုးသား ၃ ဦးကို ဖမ်းမိထား

ပဲခူးမြို့၊ မဇင်းဆည်၊ မြသီတာရွာ၌ မသင်္ကာဖွယ်ရာ လူငယ်တစ်ဦးကို စစ်ဆေးရာက ပြည်သူများထံမှ ဖုန်းနှင့် ဆိုင်ကယ်တို့ကို အုပ်စုဖွဲ့လုယက်နေသည့် ဂိုဏ်းအဖွဲ့မှ အမျိုးသား ၂ ဦးကိုပါ ထပ်မံ ဖမ်းမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးရမိသူ ၃ ဦးအနက် ဉာဏ်လင်းထွန်းဆိုသူ အမျိုးသားကို မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် စစ်ဆေးရာမှ လွန်ခဲ့သောရက်များအတွင်းက မဇင်းဆည်အနီး သွားလာနေကြသည့် ချစ်သူစုံတွဲများထံမှ ဆိုင်ကယ်နှင့်ဖုန်းများ လုယက်ခဲ့ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း အဆိုပါ ဉာဏ်လင်းထွန်းဆိုသူ၏ ထွက်ဆိုချက်အရ လုယက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများဖြစ်သည့် အေးမင်းဦး ဆိုသူနှင့် အောင်မြင့်မြတ် ဆိုသူတို့နှစ်ဦးကို ထပ်မံမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ယင်းတရားခံ ၃ ဦးကို လိုအပ်စစ်ဆေးမှုများ ပြုလုပ်နေသလို ကွင်းဆက်တရားခံများ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *