မေ ၁ ရက် ကြာသပတေးနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ခိုင်မာသောအဆိုပြုချက်မရှိက ရုရှား – ယူကရိန်း ကြားဝင်စေ့စပ်မှုမှ နုတ်ထွက်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က ပြောသည် ၊ ဒုတိယကမ္ဘာစစ်အောင်ပွဲအခန်းအနားကျင်းပစဥ် ၃ ရက်အပစ်ရပ်မည်ဟု ရုရှားကပြောကာ ရက် ၃၀ အပစ်ရပ်ရေး အမေရိကန်ကတောင်းဆိုမှု့ကို ပယ်ချထားသည်။

-AA နှင့်ထိတွေ့ဆက်ဆံသွားရန်လိုအပ်ကြောင်း အဘယ်ကြောင့်ဆိုသော် မြန်မာ နှင့် ဘင်္ဂလား ထိတွေ့နေသောနယ်စပ်အားလုံး၌ မြန်မာအစိုးရတပ်မရှိတော့၍ဖြစ်ကြောင်း ဘင်္ဂလားဒက်နိုင်ငံခြားရေးအကြံပေး ဟူစိန်က ပြောသည် ။

-တရုတ်နိုင်ငံ အရှေ့ပိုင်း လျောင်နင်းပြည်နယ်စားသောက်ဆိုင်မီးလောင်မှု့ လူ ၂၂ ဦးသေသည် ၊ ဧပြီ ၉ ရက်နေ့ကလည်း ဘိုးဘွားရိပ်သာမီးလောင်၍ လူ ၂၀ သေခဲ့သေးသည် ။

-တန်ချိန် ၅၀၀၀ ရှိ မြောက်ကိုးရီးယား စစ်သေင်္ဘာသစ် ချွယ်ဟွန်း မှ ပဲ့ထိန်းဒုံးများ စမ်းသပ်ပစ်လွှတ်ခဲ့သည် ၊ အဆိုပါစစ်သေင်္ဘာတွင် အဆင့်မြင့်ဒုံးလွှတ်စဥ် ၇၄ ခုအထိတပ်ဆင်ထားကြောင်းသိရသည် ။

-စင်ကာပူ၌ မေ ၃ ရက်နေ့ကျင်းပမည့်ရွေးကောက်ပွဲတွင် အတိုက်အခံ အလုပ်သမားပါတီက အမတ်နေရာအများစုနိုင်မည်ဟုယုံကြည်ထားကြောင်း နိကီအေးရှား သတင်းကဆိုသည် ၊ သို့သော် လက်ရှိအာဏာရ PAP ပါတီသည် လီကွမ်ယူဦးဆောင်ပြီး ၁၉၅၉ ခုနှစ်ကတည်းက ယနေ့အထိ ဆက်တိုက် အနိုင်ရရှိခဲ့ကာ ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ၌ ၉၃ နေရာအနက် အတိုက်အခံအလုပ်သမားပါတီက ၁၀ နေရာနိုင်ခဲ့၍ ကျန် ၈၃ နေရာကို PAP က နိုင်ခဲ့သည် ၊ စစ်တမ်း များ အရ လက်ရှိပါတီကိုသာ မဲပေးမည်ဟု ပြည်သူ ၆၃%က သဘောထားရှိသည်ဟုဆိုသည် ၊ လီကွမ်ယူ လက်ထက်က၎င်းအား မဲ မထည့်သောစီရင်စုများကို မီးဖြတ်ခြင်း နှင့် ရထားပြေးဆွဲမှုမလုပ်ခြင်းတို့ဖြင့် ပညာပေးခဲ့ဘူးသည်။

ပြည်တွင်းထူးခြားသတင်းများ

-တပ်မတော် ၊ UWSA နှင့် SSPP တို့နေရာယူထားသော တန့်ယန်းမြို့တွင်း နေအိမ်တစ်လုံး၌ သိုလှောင်ထားသည့် ခဲယမ်းများပေါက်ကွဲမှု့ပြင်းထန်စွာဖြစ်ပွားပြီးလူအချို့ဒဏ်ရာရသည်။

-ချမ်းအေးသာဇံ ရန်မျိုးလုံရပ်ကွက် ၇၀-၇၁ ကြား ၃၂ဘီလမ်းရှိ လူမနေရဲသော ငလျင်ဘေးသင့်တိုက်ခန်းအတွင်းမှ ရွှေထည်ပစ္စည်းနှင့်ငွေသားကျပ် သိန်း ၄၃၀၀ ဘိုး ပျောက်ဆုံးမှု့အတွက် ဘေးအိမ်မှ ပန်ရံလုပ်သူ လွင်ကိုဦး ပါ ၅ ဦးအား တပ်ကုန်းမြို့နယ် လက်ပန်ရွာ၌ ခိုးရာပါပစ္စည်းများနှင့်အတူဖမ်းမိသည် ။

-စမ်းချောင်း ၅ လွှာတိုက်ခန်းပေါ်တက်၍ခိုးယူသူ အသက်၄၀ခန့်အမျိုးသမီးပြုတ်ကျသေဆုံးသည် ။

ရန်ကုန်မြို့အော့ခစ်ဟိုတယ်တွင် ပြည်ခိုင်ဖြိုး၊တစည၊အမျိုးသားနိုင်ငံရေးမဟာမိတ်၊အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ၄ ပါတီ မှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *