ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းအချိန်က ကော့ကရိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ ငါးတန်ရွာနှင့် နွားခြံကုန်းရွာအနီး တွင် လုံခြုံရေးစစ်ကြောင်းနှင့် အကြမ်းဖက် KNU/PDF ၃၀ ဦးတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) KNU/PDF ၂ လောင်း
(၂) သေနတ် ၃ လက်
- M-16 သေနတ် ၂ လက်
- Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ပါသည်။

