ဧပြီ ၃၀ ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-BRICS အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ဘရာဇီးတွင် အစည်းဝေးလုပ်နေပြီး မိတ်ဘက်များဖြစ်သော အီဂျစ် ၊ အီရန် ၊ ဆော်ဒီ ၊ အီသီယိုပီးယား ၊ အင်ဒိုနီးရှား တို့မှ နိုင်ငံခြားရေးဝန်ကြီးများပါ တက်ရောက်နေသည် ။

-ကနေဒါရွေးကောက်ပွဲတွင် ဂျက်ဆင်ထရူးဒိုးကို ဆက်ခံသည့် ဗဟိုဘဏ်ဥက္ကဌဟောင်း လက်ရှိဝန်ကြီးချုပ် မာ့စ်ကာနေး ၏ လစ်ဘရယ် ပါတီက အမတ်နေရာ ၁၆၀ ဖြင့်အနိုင်ရခဲ့သည် ။

-စပိန်နှင့် ပေါ်တူဂီ နှစ်နိုင်ငံလုံးနှင့် ပြင်သစ် နေရာအချို့လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့၍ ရထားလိုင်း လေကြောင်းလိုင်းများ ရပ်တန့်ထားရသည် ။

-မက္ကဆီကိုနယ်စပ်မှ ခိုးဝင်သူ ၉၅% ကျဆင်းခဲ့ပြီးနောက် ရွှေ့ပြောင်းများကို အကာအကွယ်ပေးနေသော အမေရိကန်ပြည်တွင်းမြို့အချို့ကို အရေးယူမည်ဟု အစိုးရကပြောသည် ။

-ယီမင်ရှိဟူသီသူပုန်တို့ကိုဗုံးကြဲနေသော လေယာဥ်တင်သေင်္ဘာ USS ထရူးမင်းပေါ်မှ FA – 18 ဂျက်တိုက်လေယာဥ်တစ်စင်း ရေထဲပြုတ်ကျဆုံးရှူံးသည် ။

-ထိုင်းနိုင်ငံ စမုဆခွံ ရှိ မဟာချိုင် ၌ NUG အုပ်စုဖွင့်လှစ်ထားသော RC နန်းတော် အမည်ရှိ နိုက်ကလပ် ကို ထိုင်းရဲကဝင်ဖမ်းရာ တရားမဝင် မြန်မာ ၁၅၀ နှင့် မူးယစ်ဆေး ၊ လက်နက်ခဲယမ်း များဖမ်းမိသည် ။

ပြည်တွင်း ထူးခြားသတင်းများ

-ဝန်းသိုမြို့အနီး အာမခံ ကျေးရွာ၌ ကလေး ၃ ဦးနှင့်အမျိုးသမီး ၄ ဦး ၊ ပေါင်း ၇ ဦးအား ဝန်းသိုမြို့နယ် NLD လွှတ်တော်အမတ်ဟောင်းဦးဆောင်သော PDF တို့က ရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့ကို အစိုးရပြည်သူ့စစ်များက သတ်သွားခြင်းဖြစ်ကြောင်း ၊ မန္တလေးရွှေဆိုင်ဒါမြတိုက်သူများမှာလည်း ပြည်သူ့စစ်များသာဖြစ်ကြောင်း ပြည်ပ မီဒီယာများမှတဆင့် လိမ်ညာ ဖုံးကွယ်လျှက်ရှိသည် ။

-တာချီလိတ်တွင် မနေ့ကမိုးများပြီး မယ်ဆိုင်ချောင်း ရေကြီးသဖြင့် ပုံးထွန်ရပ်ကွက်၊တာလော့ရပ်ကွက်၊ဝမ်ကောင်ရပ်ကွက်များ ရေနစ်နေသည် ။

-ခြံအမှတ် ၅၄ ကို စတုတ္ထအကြိမ် လျော့စျေး ကျပ် ၂၇၀ ဘီလျံဖြင့်လေလံတင်ရာ ဝယ်သူမရှိပါ ။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

ငလျင် ကြောင့် ဘိလပ်မြေစက်ရုံအချို့ ပျက်ဆီးခဲ့၍ မူလထက် ၄၀ % သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း နောက် ၆ လအတွင်း စွမ်းအားပြည့်ထုတ်လုပ်နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း စက်မှု့ဝန်ကြီးဒေါက်တာချာလီသန်း က ပြောသည် ။

ပြည်ထောင်စုနယ်မြေ ၈ မြို့နယ်ရှိ တက္ကသိုလ်ဝင်ဖြေမည့်ကျောင်းသူ ကျောင်း သား ၁၂၅၃၂ ဦးအား အထက များ၌ မနက်စာ ၊ နေ့လည်စာ ၊ ညနေစာ ၃ နပ်ကျွေး၍ ညအိပ်စာကျက်နေလိုသူ နှင့် မိဘများကိုပါ ထ္မင်းကျွေးပြီး Camp သွင်းခြင်းအစီအစဥ်ကိုပညာရေး ဝန်ကြီးဌာနကလုပ်ဆောင်ပေးနေသည် ။

Leave a Reply

Your email address will not be published. Required fields are marked *