မေလ ၇ ရက်နေ့ ၁၀ ရက်ထိ အပစ်အခတ်ရပ်မည့် ရုရှား

ဒုတိယကမ္ဘာစစ်မှာ အောင်နိုင်တဲ့နေ့ကို ဂုဏ်ပြုတဲ့နေ့ဖြစ်တဲ့ မေလ (၉) ရက်နေ့မှာ ကျင်းပမယ့် မဟာမျိုးချစ်အောင်ပွဲကြီး နှစ် (၈၀) ပြည့်အထိမ်းအမှတ်အနေနဲ့ မေ (၇) မှ (၁၀) ထိ ၃ ရက်တာကာလကို ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲမယ်လို ရုရှားသမ္မတ ပူတင်က ကြေငြာထားပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ ယူကရိန်းဖက်ကနေ စပစ်ခဲ့မယ်ဆိုရင်တော့ ရုရှားဘက်ကနေ ထိထိရောက်ရောက် လက်တုံပြန်သွားမယ်ဆိုပြီး ရုရှားအစိုးရဖက်ကနေ ထုတ်ပြန်ထားတယ်လို့ သိရ။#crd

Leave a Reply

Your email address will not be published. Required fields are marked *