နိုင်ငံတကာထူးခြားသတင်းများ
-ဖိလစ်ပိုင် စပရက်စလီ ကျွန်းစုအတွင်းရှိ လူနေထိုင်ခြင်းမရှိသော ဆန်ဒီကေး(ခေါ်)ဖီရိုဆန်တာနာ အမည်ရှိ သန္တာကျောက်တန်းငယ်ပေါ်သို့ တရုပ်ရေတပ်တက်ရောက်နေရာယူခြင်းသည် ရန်စမှု့ဖြစ်ကြောင်းဖိလစ်ပိုင်ကပြောသည် ။
-ရုရှားသို့ စစ်ကူများ စေလွှတ်ခဲ့ကြောင်း မြောက်ကိုးရီးယားက တရားဝင်ထုတ်ဖော်ပြောကြားသည် ။
-အမေရိကန် သမ္မတသည် ၎င်း၏ အခွန်တိုးကောက်မှု့များအပေါ် ပြည်တွင်းပြည်ပ ဆန့်ကျင်မှု့များလာ၍ ပြန်လည်ဖြေလျှော့ရန် စီစဥ်နေကြောင်း သတင်းထွက်ပေါ်သည် ။
ပြည်တွင်းထူးခြားသတင်းများ
-ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးထုတ်ပြန်ချက်တွင် ငလျင်အတွက် စတာလင်ပေါင် ၂၅ သန်းဘိုးအား ဘေးသင့်ပြည်သူ ၁၁၆၀၀၀ အား မြန်မာအစိုးရမှတဆင့်မဟုတ်ဘဲ မိတ်ဘက်အဖွဲ့အစည်းများမှတဆင့် ကူညီနိုင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း ဘယ်သူတွေရမှန်းမသိလိုက်ကြချေ ။
-ပဲခူးအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဥ် ထိတွေ့တိုက်ပွဲများလျှက်ရှိသည် ။
-မိုးဗြဲမြို့ပြန်လည်သိမ်းပိုက်နိုင်ရေး လက်တကမ်းအကွာသို့ရောက်လာသည် ။
-စစ်တွေလေဆိပ် ပုံမှန်ပြေးဆွဲနေသော ခရီးသည်တင်လေကြောင်းလိုင်းများ ဝင်ထွက်နေမှု့ကို ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်ဆေးကြည့်ရှု့ခဲ့သည် ။
-လားရှိုး USDP ရုံးအတွင်းမှ ရုံးသုံးပစ္စည်းများနှင့် ပရိဘောဂအားလုံး သူပုန်တို့ယူဆောင်သွားသည် ။
-မန္တလေး ချမ်းအေးသာဇံ မြို့နယ် ၁၀၃/၁၀၄ ကြား ၅၅ လမ်းရှိ ရွှေဇာမဏိ ရွှေဆိုင်အား ပစ္စတို ၂ လက်နှင့် PDF ၅ ယောက် ဓါးပြဝင်တိုက်ခဲ့သည် ။
-မတ် ၂၈ ရက် က ၇.၇ ပြင်းအား ငလျင်ပြီးနောက် နောက်ဆက်တွဲအဖြစ် ၇.၅ မှ ၂.၈ အထိရှိသော ငလျင်များ ၁၅၇ ကြိမ်လှုပ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည် ။
ပြည်ထောင်စုနယ်မြေ နေပြည်တော် –
နိုင်ငံတော်အကြီးအကဲသည် ငလျင် ၁ လပြည့် အဖြစ် ကွယ်လွန်သူများကိုရည်စူးပြီး ရဟန်းသံဃာများအားဆွမ်းကပ်အမျှဝေရာ ပြည်ထောင်စုအဆင့်ဝန်ကြီးများတက်ရောက်ခဲ့သည် ။