Manish ဟာ မတော်တဆတစ်ခုကြောင့်ခြေထောက်ခွဲစိတ်ဖို့ရှိတာကြောင့် သတ်မှတ်ရက်ချိန်းအတိုင်းဧပြီ ၁၂ ရက်က Kota က medical college ကို လာခဲ့ပါတယ်။ ဆေးရုံတက်ဖို့ အဖော်လိုက်ပေးမယ့်သူမရှိတာကြောင့် ဖခင် Jagdish ကို ခေါ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ Jagdish ဟာ သွက်ချာပါဒ ရောဂါတစ်မျိုးကို ခံစားနေရတာပါစကားပြောဖို့ခက်ခဲပါတယ်။ သားဖြစ်သူက ခွဲစိတ်ခန်းဝင်ချိန် အဖေဖြစ်သူက ခွဲခန်းအပြင်ဘက်မှာ စောင့်နေခဲ့ပါတယ်။ အဲဒီလိုအနေအထားမှာ တာဝန်ကျဝန်ထမ်းတစ်ယောက်က ခွဲခန်းဝင်မယ့် လူနာတစ်ယောက်ရဲ့ နာမည်ကိုခေါ်ခဲ့ပါတယ်။
အဲဒီလူနာရဲ့ နာမည်နဲ့ သားဖြစ်သူကိုစောင့်နေတဲ့ ဖခင် Jagdish ရဲ့ နာမည်ကတူနေပါတယ်။ Jagdish ကလည်း နာမည်ခေါ်သံကြားလို့ လက်ထောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အလွဲတွေဖြစ်ကာ လူနာစောင့် ဖခင်ဖြစ်သူဟာ ခွဲခန်းထဲရောက်ကာလက်ကိုခွဲစိတ်မှုခံခဲ့ရပါတယ်။ သားဖြစ်သူ Manish ခွဲခန်းထဲက ထွက်လာပြီးနောက် အဖေဖြစ်သူကို လိုက်ရှာမှ အကြောင်းစုံသိခဲ့ရပါတယ်။ သက်ဆိုင်ရာဆေးရုံဘက်က လွဲမှားတဲ့ ခွဲစိတ်မှု အတွက်စုံစမ်းစစ်ဆေးနေပါတယ်။

