သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁)မှ ပြည်သူ့စစ်မှုထမ်းများကို ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူစစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့ စစ်မှုထမ်းများကို ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ဧပြီ ၁၁ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌…