ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲကစားမည့် ASEAN-All Stars ဘောလုံးအသင်းတွင် ပါဝင်ကစားရန်အတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမား မောင်မောင်လွင်ကို ရွေးချယ်လိုက်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က မြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ထံသို့ တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) အနေဖြင့် အဆိုပါ မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် မေလ ၂၈ ရက်တွင် မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်း၌ ကျင်းပရန် စီစဥ်ထားခြင်းဖြစ်ပြီး ASEAN-All Stars အသင်းကို ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik က နည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
မောင်မောင်လွင်သည် လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warriors FC တွင်လည်းပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းပြ ကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်း အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF ကထုတ်ပြန်သည်။
crd//
 
				
 
		 
		 
		