ဧပြီ ၉ ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်းသတင်းများ

(နိုင်ငံတကာ ထူးခြားသတင်းများ)

-အိမ်ဖြူတော်တွင် ထရန့်နှင့် နက်တန်ညာဟုတို့ ဆွေးနွေးနေစဥ် အမေရိကန်သည် နျူကလီးယားအရေးအတွက် အီရန်နှင့် တိုက်ရိုက်ဆွေးနွေးသွားမည်ဟု ကြေငြာလိုက်သည် ။

-ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ ဆရာဝန် ၂၇ ဦးပါ ကူညီရေးအဖွဲ့သည် မြန်မာသို့သွားရောက်မည်ဟု သိရသည် ။

-ကမ္ဘာတဝှမ်း သေဒဏ်ပေးမှု့အများဆုံးတိုင်းပြည်များမှာ အီရန် ၊ အီရတ် နှင့် ဆော်ဒီတို့ဖြစ်ပြီး တရုတ်နှင့် မြောက်ကိုးရီးယားတို့မှ ခိုင်လုံသောသတင်းမရ၍ ထည့်မတွက်ကြောင်း AI အဖွဲ့က ဆိုသည် ။

(ပြည်တွင်း ထူးခြားသတင်းများ)

-အပ်ကြောင်းထပ်နေသော စွတ်စွဲပြောဆိုမှု့များကို ရပ်တံ့ပြီး ငလျင်ကြောင့် ဘေးဒုက္ခရောက်နေသော မြန်မာပြည်သူတို့နှင့် တသားတည်းရှိရန် အချိန်တန်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလကို တိုက်တွန်းလိုက်သည် ။

-ကုလ UNOCHR အကြီးအကဲ တွန်ဖလက်ချာ မန္တလေး ရောက်နေသည် ။

-လိုင်ဇာအနီးရှိ ဂျေယန် ဒုက္ခသည်စခန်းမှ အသက် ၁၀ နှစ် ၁၁ နှစ် အရွယ် မိန်းခလေးငယ် ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော KIA တပ်ဖွဲ့ဝင် အုန်းဆောင်ဒွဲအောင်ဆိုသူ အား KIA က သေဒဏ်ပေးခဲ့သည်ဟုဆိုသည် ။

ပြည်ထောင်စုနယ်မြေ နေပြည်တော်

ပျဥ်းမနား ၊ ဒက္ခိဏသီရိ ၊ ဇဗ္ဗူသီရိ ၊ ပုဗ္ဗသီရိ မြို့နယ်အသီးသီးရှိ ငလျင် ဘေးသင့် အိမ်ထောင်စု ၁၈၀၀ ခန့်အား ခေါက်ဆွဲခြောက် ၊ ရေသန့် ၊ ဆန် နှင့်ဆီ စသည်တို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြိုချမည့်အိမ်များကို ဘက်ဟိုးယဥ် ဖြင့် အခမဲ့ဖြိုချဝန်ဆောင်မှု့အတွက် စက်သုံးဆီ ၃ ပေပါ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *