ငလျင်သင့်ဒေသများသို့ ကူရန်၊ လှူရန်အတွက်ပစ္စည်းတွေကို Myanmar Expo @ Fortune PLAZA မှာ လုပ်ငန်းရှင် ၁၀၀ ကျော်က ဆိုင်ခန်း ၁၀၀ ကျော်ဖြင့် အမြတ်အစွန်း မယူတဲ့ “ကူဖို့ လှူဖို့ ဝယ်ယူစို့” ဈေးရောင်းပွဲကို ဧပြီ ၈ ရက်နဲ့ ၉ ရက်နေ့ (၂ ရက်တာ) မနက် ၉ နာရီခွဲမှ ညနေ ၆ နာရီခွဲအတွင်း ရောင်းချပေးလျက်ရှိပါတယ်။
ဘာတွေရောင်းလဲဆိုတော့ ..
စားသောက်ကုန်
လူသုံးကုန်
အဝတ်အထည်
ဆေးဝါး
အခြားအထွေထွေပစ္စည်းများ ရောင်းချပေးလျက်ရှိပြီး အမြတ်အစွန်းမယူထားသလို ငလျင်သင့်ဒေသတွေကို Ninja Van, Royal Express ကားတွေနဲ့ အခမဲ့လည်း ပို့ဆောင်ပေးနေပါတယ်။
ဝယ်တဲ့နေရာမှာ တစ်ခုရှိတာက .. အလှူရှင်တွေက မိမိစိတ်ကြိုက်ပစ္စည်းတွေကို ဝယ်ယူတဲ့အခါ ဧပြီ ၁၀ ရက် နေ့လည် ၁၂ နာရီအပြီး အချိန်မီရောက်ရှိမယ်လို့ ဆိုင်မှ အာမခံတဲ့ကုန်ပစ္စည်းတွေကိုသာ ဝယ်ယူဖို့လိုပြီး ငွေအကြေချေ ဘောင်ချာဖြတ်ရမှာ ဖြစ်ပါတယ်။
ဘောင်ချာကို မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းရှင်များအသင်း(MDEA)ရဲ့ ပစ္စည်းလက်ခံဌာနသို့အပ်နှံပြီး လှူဒါန်းမှု လက်ခံရရှိကြောင်း ဖြတ်ပိုင်းထုတ်ယူရပါမယ်။ ပြီးတော့ အလှူရှင်(စေတနာရှင်)က တစ်ဖက်မှ လက်ခံမယ့်သူ အမည်ကို ဖော်ပြပေးရမှာဖြစ်ပြီး လက်ခံသူအနေနဲ့ အလှူရှင်(စေတနာရှင်)အမည်နဲ့ ဖြတ်ပိုင်းပါ ကုတ်နံပတ်ကို ပြောဆို၍ ပစ္စည်း ထုတ်ယူရမှာ ဖြစ်ပါတယ်။
Fortune PLAZA မှာ ပြသရောင်းချပေးတဲ့ပစ္စည်းတွေဟာ မသမာတဲ့ဈေးနှုန်းများ၊ သက်တမ်းလွန်ပစ္စည်းများ၊ မမှန်မကန် ပစ္စည်းများဖြစ်တယ်လို့ ယူဆပါက MDEA အုပ်ချုပ်ရေးရုံးသို့ သတင်းပေးတိုင်ကြားနိုင်ကြောင်း ကြေညာထားရှိပါတယ်။
KT
