မိုးဇလ ဌာနက အောက်ပါအတိုင်း သတိပေးမက်ဆေ့တွေ ပေးပို့ထားပါတယ်။“ယနေ့ညမှ ၁၁-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်နှင့် ချင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်။ ၁၂-၄-၂၀၂၅ရက်နေ့မှ ၁၅-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ၊ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်၊ ရခိုင် နှင့် ရှမ်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ၊ အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးဇလဌာနမှ သတိပေးမက်ဆေ့တွေ ပေးပို့ထား
