AA၊ CDF၊ PDF ပူးပေါင်းအဖွဲ့မှ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသော မော်တော်ယဉ်များအားမိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ ည ၁၀နာရီအချိန်ခန့်တွင် ပဒါန်း-ငဖဲဘက်မှပြန်လာသော ဇေယျာရွေမြေ မှန်လုံယာဉ်လိုင်းနှင့် စီးနင်းလိုက်ပါလာသော ကိုရင်လေးနှင့် အောင်နိုင်ကုန်း ဓမ္မရိပ်သာအဖွဲ့သည် ၂၀၀၀နာရီခန့်တွင် စေတုတ္တရာမြို့နယ် ကူတော်ကျေးရွာအနီး၌ မော်တော်ယာဉ်ပျက်နေကြောင်း သိရသဖြင့် အောင်နိုင်ကုန်းဓမ္မရိပ်သာမှ ဆရာတော်နှင့် မယ်တော်ကြီးတို့မှ ရိပ်သာမှ မော်တော်ယာဉ် ၂-စီးဖြင့် သွားရောက်ကြိုဆို၍ သက်လယ်ကျေးရွာ အောင်နိုင်ကုန်း ဓမ္မရိပ်သာသို့ ပြန်လည်မောင်းနှင်လာစဉ် ၂၁၀၀နာရီခန့် အောက်ဝေါကျေးရွာနှင့် မဏ္ဍပ်ကိုင်းကျေးရွာအကြား ရေချမ်းစင်ဇရပ်မရောက်မီ ကိုင်းပြင်အနီးတွင် အမည်မသိ အကြမ်းဖက်များက ယာဉ် ၂-စီးအား မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သဖြင့် ယာဉ် ၂-စီးပေါ်တွင် လိုက်ပါလာသူ အောင်နိုင်ကုန်း ရာသက်ပန် ဓမ္မရိပ်သာ ဆရာတော် ဉီးသီဟိန္ဒ ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)၊ မယ်တော်ကြီး ဒေါ်ဝိမလစာရီ (လက်မောင်းရှပ်ထိဒဏ်ရာ)မူလကတည်းက ခြေကျိုး/လက်ကျိုးနေသည့် သီလရှင်ဆရာကြီး၊ ယာဉ်မောင်း ဉီးဝင်းထွန်းနိုင်(သေဆုံး)၊ ဉီးဟိန်းလေး(သေဆုံး)၊ သံဆည်ရွာမှ ကျောင်းဆရာမ ဒေါ်ဇာဇာဝင်းနှင့် တပွင်ရွာမှ အဖွားအို ၁-ဉီး(အမည်မသိ)သေဆုံးသဖြင့် စုစုပေါင်း ကျား ၂-ဉီး+ မ-၂ ဉီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *