အိန္ဒိယက စားနပ်ရိက္ခာ ၄၄၂ မက်ထရစ်တန် ထပ်မံကူညီမည်

မြန်မာ့ငလျင်‌ဘေးအတွက် ကူညီရန် အိန္ဒိယမှ ထပ်မံပေးအပ်သည့် စားနပ်ရိက္ခာ ၄၄၂ မက်ထရစ်တန် တင်ဆောင်လာသည့် သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ ယမန်နေ့က ထွက်ခွာလာပြီဖြစ်ကြောင်း သံရုံးကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ အိန္ဒိယရေတပ်သင်္ဘော Ghariai သည် အိန္ဒိယ၏ ဗြဟ္မာစီမံချက်အရ လာရောက်ခြင်းဖြစ်ပြီး ဆန် ၄၀၅ မက်ထရစ်တန်၊ ဟင်းချက်ဆီ ၃၀ မက်ထရစ်တန်၊ဘီစကွတ် ၅ မက်ထရစ်တန်နှင့် အသင့်စားခေါက်ဆွဲ ၂ မက်ထရစ်တန်အပါအဝင် စားနပ်ရိက္ခာအကူအညီ ၄၄၂ မက်ထရစ်တန်ကို တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *