ငလျင်ဘေးအတွက် အလှူရှင်များမှ အလှူငွေနှင့် အလှူပစ္စည်း စုစုပေါင်းတန်ဖိုး(၁၁၆.၈၄)ဘီလျံ လှူဒါန်း

ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေ (၁၀၄.၄၄) ဘီလျံနှင့် အလှူပစ္စည်း (၁၂.၄)ဘီလျံ စုစုပေါင်းတန်ဖိုး (၁၁၆.၈၄)ဘီလျံလှူဒါန်း)ဘီလျံ လှူဒါန်းကြသည်။

ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို နေပြည်တော်ရှိ ဥပါတသန္တိစေတီတော်အနီး တပေါင်းကွင်းတွင် ယနေ့ ဧပြီလ (၁)ရက် နေ့ခင်း (၁၂)နာရီခွဲမှ စတင်ပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ အလှူရှင် စီးပွါးရေးလုပ်ငန်းရှင်များ အများအပြားတက်ရောက်ခဲ့ကြသည်။

အလှူရှင်များမှ ပေးအပ်လှူဒါန်းသည့် အလှူငွေများကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တပ်မတော်မှ အရာရှိကြီးများမှ လက်ခံခဲ့ကြကာ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အခမ်းအနား၌ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့် တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်းကို ဆောင်ရွက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *